32.5 C
Yangon

မြင်းခြံမြို့နယ်၊ ဖုံရွာကျေးရွာကို စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်ပြီး ပြည်သူ ၃ ဦးကို သတ်ဖြတ်ကာ နေအိမ် ၃ လုံးကို မီးရှို့ ဖျက်ဆီး

Must read

မြင်းခြံမြို့နယ်၊ ဖုံရွာကျေးရွာကို စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်ပြီး ပြည်သူ ၃ ဦးကို သတ်ဖြတ်ကာ နေအိမ် ၃ လုံးကို မီးရှို့ ဖျက်ဆီး

ရန်ကုန်၊ စက်တင်ဘာ ၂၆

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဖုံရွာကျေးရွာကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်း ထိုးဝင် ရောက်ပြီး ပြည်သူ ၃ ဦးကို သတ်ဖြတ်ကာ ၎င်းတို့ နေအိမ် ၃ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ စက်တင်ဘာလ ၂၆ ရက် နံနက် ၇ နာရီခန့်တွင် မြင်းခြံမြို့၊ ခမရ ၁၅ တပ်ရင်းမှ အကြမ်းဖက် စစ်သားနှင့် ပျူစောထီးများသည် ဖုံရွာ ကျေးရွာကို အင်အား အများအပြားဖြင့် စစ်ကြောင်းထိုး ဝင် ရောက်ပြီး အသက် ၅၃ နှစ်အရွယ် ကိုအောင်ကျော်ဇင်၊ အသက် ၅၂ နှစ်အရွယ် ကိုရဲဝင်းနှင့် အသက် ၄၅ နှစ်အရွယ် ကိုကျော်စွာဝင်းတို့ကို ဖမ်းဆီး သတ်ဖြတ်ကာ ၎င်းတို့ နေအိမ် ၃ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

“လူတွေကိုသတ်သွားတယ်၊ သူတို့နေအိမ် ၃ လုံးကိုလည်း မီးရှို့ပစ်ခဲ့တယ်။ သူတို့ကို ဖမ်းသတ်ပြီး တော့ ပြန်ထွက်သွားတယ်။ တခြားသူတွေ ဖမ်းသွားသေးလား၊ မဖမ်းလာတော့ မကြားမိဘူး။ ရွာသူ ရွာသားတွေလည်း ထွက်ပြေးနေကြရတယ်။ သတ်ခံရသူတွေမှာ မိသားစုဘယ်နှစ်ယောက်ကျန်ခဲ့လဲ ဆိုတာ စုံစမ်းမရဘူး” ဟု ဒေသ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

အကြမ်းဖက်စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ခံရသူများအနက် ကိုရဲဝင်းနှင့် ကိုကျော်စွာတို့သည် ညီ အစ်ကို အရင်းများဖြစ်ပြီး NLD အစိုးရ လက်ထက်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးအဖြစ်လုပ် ကိုင်ခဲ့သူများ ဖြစ်ကြောင်း၊ ၎င်းတို့ကို သတ်ဖြတ်ပြီးနောက် သေဆုံးသူများ၏ လက်ထဲသို့ ဓားတစ် တစ်ချောင်းဆီ ထည့်ကာ ဓာတ်ပုံရိုက်ယူပြီး ပြန်လည်း ထွက်ခွာသွားကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article