33 C
Yangon

ပြည်သူတွေကို နေ့စဉ် လေကြောင်းမှတစ်ဆင့် ဗုံးကျဲ သတ်ဖြတ်နေသော အကြမ်းဖက် မင်းအောင်လှိုင်က တိုင်းရင်းသားတွေနဲ့ PDF တွေ လက်နက်စွန့်ပြီး ပြဿနာ ဖြေရှင်းကြဖို့ ဖိတ်ခေါ်ပြန်

Must read

ပြည်သူတွေကို နေ့စဉ် လေကြောင်းမှတစ်ဆင့် ဗုံးကျဲ သတ်ဖြတ်နေသော အကြမ်းဖက် မင်းအောင်လှိုင်က တိုင်းရင်းသားတွေနဲ့ PDF တွေ လက်နက်စွန့်ပြီး ပြဿနာ ဖြေရှင်းကြဖို့ ဖိတ်ခေါ်ပြန်

ရန်ကုန်၊ စက်တင်ဘာ ၂၆

မြန်မာနိုင်ငံတစ်ဝန်း ပြည်သူများကို နေ့စဉ် လေကြောင်းမှ ဗုံးကျဲသတ်ဖြတ်နေသော အကြမ်းဖက် မင်းအောင်လှိုင်က တိုင်း ရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၊ PDF တွေကို လက်နက်တွေစွန့်ပြီး နိုင်ငံရေး နည်းလမ်းနဲ့ ဖြေရှင်းဖို့ ဖိတ်ခေါ်ဆိုတယ်ဆိုပြီး အကြမ်းဖက် စစ်ကောင်စီက ဒီနေ့ညပိုင်းမှာ ထုတ်ပြန်လာပါတယ်။

စစ်အာဏာသိမ်းယူရတာက ၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ဖြစ်ပေါ်ခဲ့ပေမယ့် မဖြေရှင်းပေးဘဲ နိုင်ငံတော်အာဏာ ရယူဖို့ ကြိုးပမ်းလာလို့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ စစ်တပ်က အာဏာရယူခဲ့တာဖြစ်တယ်လို့ အကြမ်းဖက် စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

လက်ရှိ အောက်တိုဘာလ ၁ ရက်နေ့မှာ ရွေးကောက်ပွဲအတွက် သန်းခေါင် စာရင်းနဲ့ မဲစာရင်းတွေ ကောက်ခံတော့မှာဖြစ်လို့ ရွေးကောက်ပွဲ လမ်းကြောင်း၊ နိုင်ငံရေးပါတီလမ်းကြောင်းနဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းတဲ့ လမ်း ကြောင်းကို လက်နက်တွေစွန့်ပြီး ဖြေရှင်းကြဖို့ဆိုပြီး အကြမ်း ဖက် စစ်ကောင်စီက ထုတ်ပြန်လာပါတယ်။

အကြမ်းဖက်စစ်ကောင်စီက ဒီလိုထုတ်ပြန်ပေမယ့်လည်း လက်တွေ့မှာတော့ တစ်နိုင်ငံလုံး လေကြောင်းတိုက်ခိုက်မှုတွေ အဆက်မပြတ် လုပ်ဆောင်နေတဲ့အပြင် ဆုံးရှုံးနယ်မြေတွေကို ပြန်လည် သိမ်းပိုက်မယ့် နိုင်ငံတော်အဆင့် ရန်နိုင်မင်း စစ်ဆင်ရေးကို လည်း အကောင်အထည်ဖော်နေပါတယ်။

ဒီနေ့မှာဆိုရင် ရခိုင်ပြည်နယ်မှာ စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကျဲတိုက်ခိုက်တာကြောင့် ကလေးငယ်နဲ့ အမျိုးသမီးတွေ အပါအဝင် ပြည်သူ ဒါဇင်ချီ သေဆုံး ထိခိုက်ဒဏ်ရာရရှိတာတွေ ဖြစ်ပေါ်နေပါတယ်။

ဓာတ်ပုံ- ယနေ့ အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ကြောင့် သေဆုံးခဲ့ရသော ရခိုင်ပြည်မှ ကလေးငယ်တစ်ဦး။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article