28 C
Yangon

ခင်ဦးမြို့နယ်၊ ရှားလွင်ရွာကို စစ်တပ်က လေကြောင်းဖြင့် ယနေ့ ညပိုင်း ထပ်မံဗုံးကျဲ၊ ၂ ရက်ဆက် ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူ ၃ ဦးသေဆုံးပြီး ထိခိုက် ဒဏ်ရာရရှိသူများပြား

Must read

ခင်ဦးမြို့နယ်၊ ရှားလွင်ရွာကို စစ်တပ်က လေကြောင်းဖြင့် ယနေ့ ညပိုင်း ထပ်မံဗုံးကျဲ၊ ၂ ရက်ဆက် ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူ ၃ ဦးသေဆုံးပြီး ထိခိုက် ဒဏ်ရာရရှိသူများပြား

ရန်ကုန်၊ စက်တင်ဘာ ၂၆

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ရှားလွင်ရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ယနေ့ ညပိုင်း ထပ်မံဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ၂ ရက်ဆက် ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူ ၃ ဦး သေဆုံးခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။

ယနေ့ စက်တင်လာလ ၂၆ ရက်နေ့ ည ၆ နာရီ ၃၀ မိနစ်ခန့်တွင် ခင်ဦးမြို့နယ် အရှေ့မြောက်ခြမ်းရှိ ရှားလွင်ကျေးရွာကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် အကြောင်းမဲ့ ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် စက်တင်ဘာလ ၂၅ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်ခန့်ကလည်း ဂျက်ဖိုက်တာ ၃ စီးဖြင့် အကြမ်းဖက် စစ်တပ်က ရှားလွင်ရွာကို လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူ ၃ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ဦး ထက်မနည်းရှိကြောင်း သိရှိရသည်။

“ဒီနေ့ ဗုံးကျဲ တိုက်ခိုက်တာတော့ သေဆုံးထိခိုက်မှုရှိမရှိ အတည်မပြုနိုင်သေးဘူး။ မနေ့က ဗုံးကျဲတာတော့ ပြည်သူ ၃ ဦး သေဆုံးပြီး အပြင်းထန် ဒဏ်ရာရတာ ခြေပြတ် လက်ပြတ် ထိမှန်သူ ၁၀ ဦးထက်မနည်းရှိ‌တယ်” ဟု ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း လူနေအိမ် ၁၀ လုံးခန့် ပျက်စီးခဲ့ပြီး ပြည်သူများအနေဖြင့် ဗုံးခိုကျင်းများ ကြိုတင်ပြင်ဆင်ထားမှု လုပ်ဆောင်ထားရန် ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က အသိပေး ပြောဆိုထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article