30 C
Yangon

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၂၇ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ စက်တင်ဘာ ၂၇ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • အကြမ်းဖက် စစ်ကောင်စီက ညပိုင်းမှာ PDF တွေနဲ့တိုင်းရင်းသားလက်နက်ကိုင်တွေကို နိုင်ငံရေး ပြဿနာ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ ဖိတ်ခေါ်ကြေညာပြီးတဲ့နောက်မှာပဲ ဒီကနေ့ မနက်ပိုင်းမှာ လားရှိုးမြို့ကို လေယာဉ်နဲ့ဗုံးကျဲချမှုအတွင်း အရပ်သားပြည်သူ ၂ ဦး ထပ်မံ သေဆုံးသွားပြန်ပြီး မီးလောင်ကျွမ်းမှုတွေဖြစ်ပွားခဲ့တယ်လို့ ဒေသခံပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • အကြမ်းဖက် မင်းအောင်လှိုင်ရဲ့ နိုင်ငံရေး ပြဿနာ ဖြေရှင်းရေး ဖိတ်ခေါ်ချက်ဟာ အရည်မရ အဖတ်မရ ဓာတ်ပြားဟောင်းသာဖြစ်ပြီး စစ်တပ်က ကျူးလွန်ထားတဲ့ ရာဇဝတ်မှု မှန်သမျှ အရေးယူရေး အပါအဝင် အချက် ၃ ချက်မရဘဲ ဆွေးနွေးစရာမရှိဘူးလို့ KNU ဗဟိုအလုပ် အမှုဆောင်လည်းဖြစ်၊ ပြောခွင့်ရပုဂ္ဂိုလ် လည်းဖြစ်သူ ပဒိုစောတောနီးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • ရန်ကုန်မြို့က အင်းစိန်မြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ ရွေးကောက်ပွဲအတွက် သန်းခေါင် စာရင်းကောက်ယူရေးမှာ ပါဝင်နေသူ ရာအိမ်မှူး မင်းမင်းထွန်း ဆိုသူ ပစ်ခတ်ခံရပြီး ပွဲချင်းပြီး သေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article