30 C
Yangon

တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၁ ဦးသေဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၇

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ဘန်းဘမွတ်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး အကြမ်းဖက် စစ် ကောင်စီတပ်သား ၁ ဦးသေဆုံးခဲ့ကြောင်း တနင်္သာရီမြို့နယ် ပကဖ ဇုံ ၅ – တောဗုံးကြီး အဖွဲ့က သတင်းထုတ်ပြန်ထားသည်။

စက်တင်ဘာလ ၂၄ ရက်နေ့ နံနက် ၇ နာရီ ၄၅ မိနစ်အချိန် တနင်္သာရီမြို့နယ်၊ ဘန်း လမွတ်ကျေးရွာ ဘက် သို့ အင်အား ၇၄ ဦးဖြင့် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်တပ်ကို ကတဲလိပ်ဆီအုန်း ကုန်း အရောက် တောဗုံးကြီးအဖွဲ့မှ ဒရုံးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့သို့ ပစ်ခတ်တိုက်ပွဲဖြစ်ပြီးနောက် အကြမ်းဖက်စစ်ကောင်စီ၏ အမတ ၃၀၆ တပ်မှ ၈၁ မမ လက် နက်ကြီးဖြင့် ဗုံးသီး ၃ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဘန်းလ မွတ်ကျေးရွာအတွင်သို့ ကျရောက်ပေါက်ကွဲ ခဲ့ကြောင်း သိရသည်။

ထို့ပြင် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် ဘန်းလမွတ်ကျေးရွာ၊ လယ်ဦးရေတံခွန်အနီး တွင် တောဗုံးကြီး တပ်ဖွဲ့မှရဲဘော်များနှင့် စစ်ကောင်စီတပ်သားများကို တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁၅ မိနစ်ခန့်ဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်သား အများအပြား ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း တောဗုံးကြီးတပ်ဖွဲ့မှ ရဲဘော် ၃ ဦးထိခိုက်ဒဏ်ရာရရှိကာ ဝါချက်စတာ သေနတ် အမျိုး အစား ၁ လက်၊ ၄၀ မမ သေနတ် ၁ လက်၊ ၄၀ မမကျည် ၆ လုံး၊ ကာဗိုင်ကျည် ၂၀၀‌ တောင့်၊ ဆက်သွယ်ရေး icon စက် ၁ လုံးနှင့် ရဲဘော်တို့၏ ဖုန်း ၂ လုံး ဆုံးရှုံးခဲ့ကြောင်း တနင်္သာရီမြို့နယ် ပကဖ ဇုံ ၅ – တောဗုံးကြီး အဖွဲ့က သတင်းထုတ်ပြန်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article