27 C
Yangon

ဘုတလင်၊ သပြေပင်ကျေးရွာသို့ စစ်တပ် စစ်ကြောင်း ထိုးဝင်ရောက်ကာ အသက် ၂၀ အရွယ် အမျိုးသား ၂ ဦးကို ဖမ်းဆီးသွား၊ စစ်တပ်၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရ

Must read

ဘုတလင်၊ သပြေပင်ကျေးရွာသို့ စစ်တပ် စစ်ကြောင်း ထိုးဝင်ရောက်ကာ အသက် ၂၀ အရွယ် အမျိုးသား ၂ ဦးကို ဖမ်းဆီးသွား၊ စစ်တပ်၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ စက်တင်ဘာ ၂၈

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် သပြေပင်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက် ကာ ဒေသပြည်သူ ၂ ဦးကို ဖမ်းဆီးသွားပြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ပြောကြားသည်။

စက်တင်ဘာ ၂၆ ရက်နေ့ နံနက် ၇ နာရီ ဝန်းကျင်တွင် သပြေပင်ကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်ကာ ရမ်းသမ်းပစ်ခတ်ခြင်းများ လုပ်ဆောင်ခဲ့ပြီး အမျိုးသမီးတစ်ဦး လက်ထိ ထိခိုက်သွားပြီး အမျိုးသား ၂ ဦးကိုမူ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

ဖမ်းဆီးခံရသူများမှာ သပြေပင်ရွာခံများ ဖြစ်ကြပြီး အသက် ၂၀ ကျော်အရွယ် ကိုကျော်ထက်နဲ့ ကိုသူရတို့ ဖြစ်ကြကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်တပ်သည် ဘုတလင်မြို့နယ်အတွင်း စက်တင်ဘာလ ၂၀ ရက်နေ့မှ စတင်ကာ စစ်ကြောင်းထိုးဝင်ရောက်ကာ ပစ်ခတ်သတ်ဖြတ်မှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ စက်တင်ဘာ ၂၀ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် ကျွဲသေချောင်းရွာရှိ အသက် ၅၀ အရွယ် အမျိုးသား တစ်ဦး သေဆုံးခဲ့ရပြီး စက်တင်ဘာ ၂၃ ရက်နေ့တွင် ကတိုးကျေးရွာက အသက် ၇၀ အရွယ် အဘိုး ၁ ဦး အပါအဝင် ပြည်သူ ၃ ဦးကို အကြမ်းဖက်စစ်တပ်က သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း ဒေသပြည်သူများက ပြောကြားသည်။

(မျက်မှောက်ခေတ်သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article