30 C
Yangon

အကြမ်းဖက် စစ်ကောင်စီ၏ ဖိတ်ခေါ်ချက် ဒီမိုကရေစီအင်အားစု များအကြား သွေးခွဲရန် ရည်ရွယ်သော အတု အယောင် ငြိမ်းချမ်းရေး ကမ်းလှမ်းမှုဖြစ်၍ လုံးဝလက်ခံမည်ဟု ကရင်နီပြည်အုပ်ချုပ်ရေးကောင်စီ-IECက ထုတ်ပြန်

Must read

အကြမ်းဖက် စစ်ကောင်စီ၏ ဖိတ်ခေါ်ချက် ဒီမိုကရေစီအင်အားစု များအကြား သွေးခွဲရန် ရည်ရွယ်သော အတု အယောင် ငြိမ်းချမ်းရေး ကမ်းလှမ်းမှုဖြစ်၍ လုံးဝလက်ခံမည်ဟု ကရင်နီပြည်အုပ်ချုပ်ရေးကောင်စီ-IECက ထုတ်ပြန်

ရန်ကုန်၊ စက်တင်ဘာ ၂၈

အကြမ်းဖက် တရားမဝင်အာဏာသိမ်းစစ်တပ်၏ ဖိတ်ခေါ်ချက်သည် ဒီမိုကရေစီအင်အားစု များအကြား သွေးခွဲ ရန်ရည် ရွယ်ချက်ဖြင့် အတုအယောင်ငြိမ်းချမ်းရေးကမ်းလှမ်းခြင်းဖြစ်ပြီး လုံးဝလက်ခံမည် မဟုတ် ကြောင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ – IEC က ယနေ့စက်တင်ဘာလ ၂၈ နေ့တွင် ထုတ်ပြန်ပြောကြား သည်။

တရားမဝင်အာဏာသိမ်းစစ်တပ်က ၂၀၂၀ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲရလဒ်ကို ဆန့်ကျင်၍ လူထု ထံမှအာ ဏာသိမ်းယူကာ စစ်ဘေးရှောင်စခန်းများ၊ စာသင်ကျောင်းများ၊ ပြည်သူ့ဆေးရုံများ၊ ဘာသာရေး အဆောက်အဦးများနှင့် ပြည်သူလူထုအိုးအိမ်များကို ပစ်မှတ်ထား၍ လက်နက်ကြီး၊ လေ ကြောင်းတို့ဖြင့် တိုက်ခိုက်၍ စစ်ရာဇ ဝတ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို မြန်မာနိုင်ငံ အနှံ့ကျူးလွန်ခဲ့မှုကြောင့် ကလေးငယ်များနှင့် အမျိုးသမီးများအပါအဝင် အပြစ်မဲ့ပြည်သူ အမြောက်အမြား ထိခိုက်သေဆုံးခဲ့ရကြောင်း သိရသည်။

အကြမ်းဖက်အဖွဲ့ဖြစ်သည့် တရားမဝင်အာဏာသိမ်းစစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုကိုလူထုပေါင်း စုံမှ တက် ညီ လက်ညီ ဆန့်ကျင်ကြသဖြင့် ၎င်းတို့၏အုပ်ချုပ်ရေးယန္တရားများမှာ တရားဝင်မှု မရှိတော့ သည့်အပြင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာတည်မှုမှာလည်း မြန်မာတစ်နိုင်ငံလုံး အတိုင်း အတာဖြင့် သက်ရောက်မှုမရှိတော့ကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ – IEC က ပြောဆိုသည်။

ထိုအခြေအနေတွင် တရားမဝင်အာဏာသိမ်းစစ်တပ် သည် ပြည်သူများအားအတင်းအဓမ္မစစ်မှုထမ်း စေခြင်း၊ သန်းခေါင်စာရင်းကောက်ယူရန် အားထုတ်လာ ခြင်း၊ နိုင်ငံရေးထွက်ပေါက်ရှာလို၍ ရွေး ကောက်ပွဲ ပြုလုပ်ရန် ကြိုးပမ်းလာခြင်း၊ ဒီမိုကရေစီအင်အားစု များအကြား သွေးခွဲရန်ရည်ရွယ်ချက် ဖြင့် အတုအယောင်ငြိမ်းချမ်းရေး ကမ်းလှမ်းခြင်းစသောအချက်များ ပါဝင်သည့် ထုတ်ပြန်ချက် တစ်ခု ကို ပြုလုပ်လာဖြစ်ကြောင်း ဆက်လက်ပြော ဆိုထားသည်။

တရားမဝင်အာဏာသိမ်းစစ်တပ်၏ ဖိတ်ခေါ်ချက်သည် လက်ရှိ နိုင်ငံရေးအကြပ်အတည်းအတွက် အဖြေမဟုတ်ဘဲ ပြဿနာကိုပိုမိုဖန်တီးစေမည့် နိုင်ငံရေးအမြတ်ထုတ်မှုတစ်ခုဖြစ်သည်ဟု ကရင်နီ ပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီမှ ရှုမြင်သည်ဟု ဆိုသည်။

ထို့ကြောင့် ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေး ကောင်စီအနေဖြင့် တရားမဝင်အာဏာသိမ်း စစ် တပ်၏ ဖိတ်ခေါ်ချက်အပေါ် လက်ခံညှိနှိုင်းမည်မဟုတ်ဘဲ စစ်မှန်သောဖက်ဒရယ်စနစ်ဖြစ်ပေါ်ရေး ကြိုးပမ်းသွားမည်ဖြစ်ပြီး ကရင်နီပြည်အတွင်း ၎င်းတို့၏မတရား လုပ်ဆောင်မှုများကို တားမြစ်သွား မည်ဖြစ်ကြောင်းနှင့် တခြားသောပြည်နယ်များနှင့် ဖက်ဒရယ်ယူနစ်များအနေဖြင့်လည်း လူထုဆန္ဒ အတိုင်း ညီညွတ်စွာ ဆက်လက်ရပ်တည်ကြရန် တိုက်တွန်းထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article