33 C
Yangon

ရွှေပြည်သာ၊ ၁၀ ရပ်ကွက်နှင့်စက်မှုဇုန်အကြားတွင် ဆိုင်ကယ်များဖမ်းဆီးနေသော စစ်သား၊ ရဲနှင့် ပျူစောထီးများကို မိုင်းခွဲတိုက်ခိုက်မှု ထိခိုက်မှုရှိ

Must read

ရွှေပြည်သာ၊ ၁၀ ရပ်ကွက်နှင့်စက်မှုဇုန်အကြားတွင် ဆိုင်ကယ်များဖမ်းဆီးနေသော စစ်သား၊ ရဲနှင့် ပျူစောထီးများကို မိုင်းခွဲတိုက်ခိုက်မှု ထိခိုက်မှုရှိ

ရန်ကုန်၊ စက်တင်ဘာ ၂၉

ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ အမှတ် ၁၀ ရပ်ကွက်နှင့် စက်မှုဇုံကြား၌ ဆိုင်ကယ်များကို မတရား ဖမ်းဆီးနေသော အကြမ်းဖက်စစ်သား၊ ရဲနှင့် ပျူစောထီးများကို မိုင်းခွဲ တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိ ကြောင်း BLACK TIGER UG Team မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ စက်တင်ဘာလ ၂၈ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်အချိန် ရွှေပြည်သာမြို့နယ် အမှတ် ၁၀ ရပ် ကွက် နှင့် စက်မှုဇုန် အကြားရှိ ပြည်သူ့လူထုပိုင် ဆိုင်ကယ်များကို မ တရား ဖမ်းဆီး၍ ဖုန်းစစ်ဆေးကာ ငွေညှစ်နေသည့် အကြမ်း ဖက်စစ်သား၊ ရဲ၊ ပျူစောထီးများကို ပြင်းအားမြင့် မိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ ပျူစောထီးနှင့်ရာအိမ်မှူးများ ထိခိုက်မှုရှိပြီး အတိအကျ သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ် ကြောင်း သိရသည်။

“နောက်ဆက်တွဲ ကြားသိရတာတော့ ထိခိုက်မှုရှိတယ်လို့ သိထားရတယ်။ အတိအကျတော့ စုံစမ်းနေ တုန်းပါ၊ သ တင်းဖုံးထားတဲ့အတွက် စုံစမ်းရခက်တယ်။ မိဘပြည်သူတွေအနေနဲ့ စခ၊ ရခ တွေနဲ့ ဝေးဝေးနေပေးကြဖို့၊ စကစရဲ့ မသမာတဲ့ ရွေးကောက်ပွဲဖြစ်မြောက်ဖို့ သန်ခေါင်းစာရင်းကောက်ယူ ရေး ကူညီပေးနေတဲ့ ဒေါင်တိုင်တွေအားလုံးကိုလည်း ဆက်လက်အရေးယူသွားမယ်လို့ သတင်းစကား ပါးချင်ပါတယ်” ဟု BLACK TIGER UG Team မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို BLACK TIGER UG Team ရဲဘော်များ နှင့် ရွှေပြည်သာ မြို့နယ် (ပကဖ) ရဲဘော် များပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ဘေးအန္တရာယ် စွာဆုတ်ခွာနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ- မန္တလေးတွင် စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်(ခေါ်) ပျူစောထီးများက ဆိုင်ကယ်များကို စစ်ဆေးနေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article