26 C
Yangon

ဖြူးနှင့် မြင်းမူတို့တွင် စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိနိုင်

Must read

ဖြူးနှင့် မြင်းမူတို့တွင် စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိနိုင်

ရန်ကုန်၊ စက်တင်ဘာ ၃၀

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ လိပ်ပေါကျေးရွာ ဘုန်းကြီးကျောင်းတွင် တပ်ဆွဲထားသော စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သာယာဝတီခရိုင် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၂၉ ရက်နေ့ နံနက် ၁၁ နာရီ ၂၁ မိနစ်ခန့်တွင် ဖြူးမြို့နယ်၊ လိပ်ပေါကျေးရွာ ဘုန်း ကြီး ကျောင်းတွင် တပ်ဆွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက် ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ထိခိုက်မှုရှိကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ဖြူးမြို့နယ် ပကဖ နှင့် သာယာဝတီခရိုင် ပကဖ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ဘိုးမင်းကြီးကင်းလမ်းခွဲ‌တွင် အထိုင်ချ တပ်စွဲထားသော စစ်ကောင်စီ တပ် သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Peacock Drone Team-Myaung အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၂၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် မြင်းမူမြို့နယ်၊ ဘိုးမင်းကြီးကင်း လမ်းခွဲရှိ အကြမ်းဖက် စစ်တပ်မှ အင်အား ၃၅ ဦးခန့် အထိုင်ချ တပ်စွဲထားသော တပ်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက Shar Htoo Waw နည်းပညာသုံး fixed wings ၅ စီးဖြင့် drop bomb ၉ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၅ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး တော် လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Peacock Drone Team-Myaung၊ M.D.F ဒရုန်း ကျားခင်စိန် အဖွဲ့ ၊ STANDARD REVOLUTION FORCE SRF-MMU ၊ စစ်ကိုင်းခရိုင်အမှတ် ၂ တပ်ရင်း တပ်ခွဲ့ ၃ ၊ စစ်ကိုင်းခရိုင်အမှတ် ၁ တပ်ရင်း ၊ ငါးဇွန်း အားမာန့်သစ် နှင့် Black Eagleအဖွဲ.တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article