27 C
Yangon

မြ၀တီမြို့နယ်တွင် စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်သဖြင့် ဖလူးကျေးရွာစာသင်ကျောင်း ထိမှန်ပျက်စီး

Must read

ရန်ကုန်၊ အောက်တိုဘာ ၂

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ် ခတ်သဖြင့် ဖလူးကျေးရွာစာသင် ကျောင်း ထိမှန်ပျက်စီးခဲ့ကြောင်း KNU တပ်မ ဟာ ၆ နယ်မြေမှ PDF သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၁ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်အချိန်တွင် စစ်ကောင်စီ စွယ်တော်ကုန်းအမြောက်စခန်းမှ လက် နက်ကြီးများဖြင့် မြ၀တီမြို့နယ်၊ ဖလူးကျေးရွာသို့ ပစ်ခတ်ခဲ့ရာ စာသင်ကျောင်းထိမှန်ပျက်စီးခဲ့ကြောင်း၊ ယမန်နေ့ မွန်းတည့်ပိုင်းတွင် ကျောင်းစော၍ လွှတ်ခဲ့သဖြင့် လက်နက်ကြီးထိမှန်ချိန် ကျောင်း သားကျောင်းသူများနှင့်ဆရာ၊ ဆရာမများ ထိခိုက်ဒဏ်ရာရရှိခြင်းမရှိကြောင်း သိရှိရသည်။

” လက်နက်ကြီးသံ တချို့ထွက်ပေါ်ကတည်းက ကျောင်းကို စောလွှတ်လိုက်တာ။ အဲဒီနောက်မှာ နောက်အချက်တွေမှာ လက်နက်ကြီးကျလာတာပဲ။ ကျောင်းကတော့ ပျက်စီးသွားတယ်။ ဒါပေမယ့် ကလေးတွေ ထိခိုက်တာ၊ ဆရာ၊ ဆရာမတွေ ထိခိုက်တာမရှိဘူး။ ကျောင်းက မူလတန်းကျောင်းလေးပါ။ တိုက်ပွဲလည်းမဖြစ်ဘူး။ တမင်ကြီးကို ပစ်တာ။ တစ်ခုတော့ရှိတယ် ကျနော်တို့ တပ်တွေက စွယ်တော်ကုန်းကို ၀ိုင်းထားတယ်” ဟု PDF သတင်းရင်းမြစ်က ပြောဆိုသည်။

မြ၀တီမြို့နယ်၊ လေးကေ့ကော်မြို့သစ်အနီးရှိ စွယ်တော်ကုန်းကို တော်လှန်ရေးတပ်များက မကြာခဏ ထိုးစစ်ဆင်လျက်ရှိပြီး လက်ရှိတွင် စစ်ကောင်စီတပ်များကို တော်လှန်ရေးတပ်များက ၀ိုင်းဝန်းပိတ်ဆို့ထားကြောင်း သိရှိရသည်။

Photo- CJ

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article