27 C
Yangon

ပေါက်မြို့နယ်၊ သီးခြောက်ကျေးရွာကို စစ်တပ်က လေကြောင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်မှု ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရ

Must read

ရန်ကုန်၊ အောက်တိုဘာ ၃

မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ခြမ်းရှိ သီးခြောက်ကျေးရွာကို အကြမ်းဖက်စစ်တပ် လေကြောင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပေါက်မြို့နယ် ပကဖ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ အောက်တိုဘာ ၃ ရက် မွန်းလွဲ ၂ နာရီ ၂၅ မိနစ်အချိန်က ပေါက်မြို့နယ်၊ သီးခြောက်ကျေးရွာ ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲပစ်ခတ်ပြီး၊ ပကစ ၂၄ မှလည်း ၁၂၂ မမ လက်နက်ကြီးဖြင့် ၄ ချက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦးထိခိုက်ဒဏ်ရာရရှိပြီး အခြားထိခိုက် ပျက်စီးဆုံးရှုံးမှုကို သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

“သီးခြောက်စာသင်ကျောင်းနဲ့ ရွာထဲကို လေကြောင်းနဲ့ ပစ်သွားတာ၊ တစ်ကြိမ်ပဲ ပစ်သွားတာပါ၊ တစ် ယောက်တော့ ထိတယ်၊ ဒဏ်ရာအခြေအနေကတော့ မေးတုန်း။ ပြီးတော့ ကပစ ၂၄ ကနေ့လည်း ၁၂၂ မမ လက်နက်ကြီးနဲ့ ၄ လုံးပစ်သွားသေးတယ်။ တခြားထိခိုက်ပျက်စီးမှုတွေ သိရအောင်တော့ စုံစမ်းနေတုန်းပါ။” ဟု ပေါက်မြို့နယ် ပကဖ မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။

အကြမ်းဖက် စစ်ကောင်စီက ပေါက်မြို့နယ်အတွင်း စစ်ကြောင်းထိုးခြင်းနှင့် လေကြောင်းတိုက်ခိုက်မှုများကို ဆက်တိုက် လုပ်ဆောင်နေကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article