27 C
Yangon

တောင်ကုတ်မြို့နယ်၊ ကင်းတောင်စံပြကျေးရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု အသက် ၉ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၄ ဦးသေဆုံး

Must read

ရန်ကုန်၊ အောက်တိုဘာ ၄

ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ် ကင်းတောင်စံပြ ကျေးရွာကို ယနေ့ အောက်တိုဘာလ ၄ ရက် နံနက် ၂ နာရီခန့်တွင် စစ်ကောင်စီက လေကြောင်းဗုံးကျဲတိုက်ခိုက်ခဲ့သဖြင့် အရပ်သား ၄ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူများရှိကြောင်း ဒေဒသပြည်သူများက ပြောဆိုသည်။

တောင်ကုတ်မြို့ခံတစ်ဦးက ” ကျနော်တို့ နေတဲ့အပိုင်းက အဘိုးကြီးတစ်ယောက် အဒေါ်ကြီးတစ်ယောက်သေတယ်။ ပြီးတော့ ကလေးလေး တစ်ယောက်သေတယ်။ ရွာအထက်ပိုင်းက တစ်ယောက် သေတယ်။ ဒဏ်ရာရတဲ့သူတွေ အများကြီးပဲ အခု လမုဘက် ဆေးကုဖို့ ပို့ထားတယ်။ တိုက်ပွဲမရှိဘဲ စစ်ကောင်စီ ဗုံးလာကြဲတာလို့ သိရတယ်။ ” ဟု ပြောသည်။

သေဆုံးသူ ၄ ဦး၏ အမည်မှာ ဦးမောင်လှတင် အသက် ၇၀ နှစ် ၊ ဒေါ်မြရီ အသက် ၆၇ နှစ်၊ မောင်ဇင်ဟိန်းကိုအသက် ၉ နှစ်နှင့် ဒေါ်မြကြည် အသက် ၅၆ နှစ် တို့ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီ ကြဲချသော ဗုံးအနည်းဆုံး ၃ လုံးမှာ ကင်းတောင်ရွာသို့ ကျရောက်ပေါက်ကွဲခြင်းဖြစ်ပြီး သေဆုံးသူ ၄ ဦးအပြင် နေအိမ် ၁၀ လုံးလည်း ပျက်စီးသွားကြောင်း သိရှိရသည်။

အောက်တိုဘာလ ၂ ရက်နေ့ ည ၁၂ နာရီခန့်ကလည်း ခေါင်းလောင်းတူကျေးရွာကို စစ်ကောင်စီက ဗုံးကြဲတိုက် ခိုက်မှုကြောင့် အသက် ၇ နှစ်အရွယ် ကလေးငယ်တစ်ဦး ဦးခေါင်းတွင် ဗုံးစ ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း၊

ယင်း အပြင် တောင်ကုတ်မြို့နယ် ရွာမကျေးရွာကို စက်တင်ဘာလ ၂၄ ရက် ည ၉ နာရီက ဗုံး ၄ လုံးထက်မနည်း တိုက်ခိုက်ခဲ့ပြီး အသက် ၃၀ ကျော်အရွယ် အမျိုးသားနှစ်ဦးသေဆုံးကာ ၃ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာရရှိခဲ့ကြကြောင်း သိရှိရသည်။

အရပ်သားပြည်သူများကို ဦးတည်ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်သည့် စစ်ကောင်စီ၏ လုပ်ရပ်သည် ရက်စက်ကြမ်းကြုတ်သည့် လုပ်ရပ်ဖြစ်ကြောင်း တက်ကြွလှုပ်ရှားသူ ရခိုင်လူငယ်တစ်ဦးက ပြောသည်။

“အရပ်သားတွေက နေစဉ်နဲ့အမျှ စစ်ကောင်စီကြောင့် သေဆုံးမှုတွေ မြင့်တက်လာနေတယ်။ အရပ်သားတွေ အထူးဖြင့် ကလေးနဲ့ အမျိုးသမီးတွေကို ပစ်မှတ်ထား သတ်ဖြတ်လာနေတယ်။ ဒီလုပ်ရပ်က အတော်လေးကို ရက်စက် ကြမ်းကြုတ်တဲ့ လုပ်ရပ်ဖြစ်တယ်။ လူမဆန်တဲ့ လုပ်ရပ်ဖြစ်တယ်။ ဒီလုပ်ရပ်အပေါ်မှာ လုံးဝကို ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။ နိုင်ငံတကာကလည်း ဒီလို လုပ်ရပ်အပေါ်မှာ ထိထိရောက်ရောက် အရေးယူမှုတွေ လုပ်ဆောင်ဖို့ လိုပါတယ်။ AA ဖက်ကလည်း ဒါကို ဘယ်လိုနည်းနဲ့ ဆောင်ရွက်လို့ ရမလဲဆိုတာကို ရွေးချယ်ဖို့ လိုလာပါပြီ။” ဟု ပြောသည်။

တကျော့ပြန်တိုက်ပွဲနောက်ပိုင်း တောင်ကုတ်မြို့အနီးအနားတွင် စစ်ကောင်စီနှင့် AA တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားလေ့ရှိပြီး စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်ခြင်း၊ ဗုံးကြဲတိုက်ခိုက်ခြင်းတို့ကြောင့် အရပ်သား ၁၅ ဦးထက်မနည်း သေဆုံးသူတိုးလာနေပြီး ဒဏ်ရာရရှိသူများလည်း ၂၀ ကျော်အထိ များပြားလာနေသည်။

တောင်ကုတ်မြို့ခံ ၆၀ ရာခိုင်နှုန်းမှာ စစ်ကောင်စီ၏ လက်နက်ကြီးအန္တရာယ်နှင့် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ဘေး လွတ်ရာသို့ တိမ်းရှောင်နေကြပြီး ကျန်မြို့ခံများမှာလည်း မြို့ထဲပိတ်မိနေကာ စစ်ကောင်စီ၏ ကန့်သတ်ပိတ်ပင်မှုများကို ရင်ဆိုင်နေရသည်။

Photo Credit – APM ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article