27 C
Yangon

ပုလောမြို့နယ်တွင် သန်းခေါင်စာရင်း ကောက်ယူမှုကို လုံခြုံရေးပေးနေသော စစ်စခန်း ၅ ခုကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

ရန်ကုန်၊ အောက်တိုဘာ ၄

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် သန်းခေါင်စာရင်း ကောက်ယူမှုကို လုံခြုံရေးပေးနေသော အကြမ်းဖက် စစ်တပ်၏ စစ်စခန်း ၅ ခုကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ မြိတ်ခရိုင်၊ အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၁ ရက်နေ့တွင် ပုလောမြို့နယ်အတွင်း သန်းခေါင်စာရင်း လိုက်လံကောက်ယူနေသူများကို လုံခြုံရေးပေးနေသော အကြမ်းဖက် စစ်တပ်၏ ခလရ ၂၈၅ တပ်ရင်း၊ ပလ ရဲစခန်း၊ တိုတာဝါတိုင်ကုန်းစခန်း၊ ပုလောရဲစခန်းနှင့် မီးလောင်ချောင်းစခန်း တို့ကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးဘဲ တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“ပြည်သူတွေရဲ့ အခွင့်အရေးကို ချိုးဖောက်ပြီး သန်းခေါင်စာရင်း ကောက်ဖို့ ကြိုးစားတဲ့ သူမှန်သမျှ ကြီးလေးတဲ့ နောက်ဆက်တွဲ အကျိုးဆက်ကို ခံစားရလိမ့်မယ်လို့ ကျွန်တော်တို့အနေနဲ့ သတိပေးချင်တယ်” ဟု ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ မြိတ်ခရိုင်၊ အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article