27.4 C
Yangon

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၇ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၇ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ အောက်တိုဘာ ၇ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

အကြမ်းဖက် စစ်ကောင်စီရဲ့ ထောက်ပို့တပ်ရင်း၊ တပ်ဖွဲ့တွေကို ကမ္ဘောဇ အောင်ကိုဝင်းပိုင် Brighter Energy ကနေ စက်သုံးဆီလီတာ ၉ သိန်း ထောက်ပံ့ပေးပို့မှုသတင်း ရန်ကုန်ခေတ်သစ်မှာ ပေါက်ကြား သွားလို့ဆိုပြီး စမ်းအင်ဝန်ကြီးဌာနဘက်က လူတွေ နဲ့ ကုမ္ပဏီဘက်ကလူတွေကိုပါ စစ်ကောင်စီက စစ်ဆေးမှုတွေ လုပ်နေပြန်တယ်လို့ ရန်ုကုန်ခေတ်သစ် သတင်းရင်းမြစ်က ပြောပါတယ်။

ရခိုင်ဒေသတစ်ခုလုံးမှာ စစ်ကောင်စီတပ် အပြီးသတ် ကင်းစင်ရေး လုပ်ဆောင်သွားမှာဖြစ်တယ်လို့ အာရက္ခတပ်တော် AA က ကြေညာပြီးတဲ့နောက်မှာပဲ စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာန ချုပ်ရှိရာ အမ်းမြို့နယ်မှာ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေပြီလို့ ဒေဿခံပြည်သူတွေက ပြောပါတယ်။

NLD ဒုတိယဥက္ကဋ္ဌ၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ကင်ဆာရောဂါ ခံစားနေရမှန်း သိလျက်နဲ့ စစ်ကောင်စီက မတရား ပုဒ်မတွေတပ်ပြီး ထောင်ဒဏ်နှစ်ရှည် ချမှတ်တာဖြစ်တဲ့အပြင် လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု မပေးခဲ့မှုကြောင့် ကွယ်လွန်သွားရတာဖြစ်တယ်လို့ NUG က ကြေညာချက် ထုတ်ပြန်လိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article