34 C
Yangon

လာအိုတွင် အာဆီယံထိပ်သီးအစည်းအဝေး ကျင်းပနေပြီး ထိုင်းနိုင်ငံက မြန်မာ့အရေး ဖြေရှင်းရေး နည်းလမ်းသစ် အဆိုပြုမည်၊ မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲတစ်ခုကို ထိုင်းကဦးဆောင် ၍ ဒီဇင်ဘာလတွင် ကျင်းပမည်

Must read

ရန်ကုန်၊ အောက်တိုဘာ ၉

လာအိုနိုင်ငံတွင် အာဆီယံထိပ်သီးအစည်းအဝေး ကျင်းပနေပြီး အာဆီယံနိုင်ငံများမှ နိုင်ငံ့ခေါင်း ဆောင်များ တက်ရောက်နေကာ ထိုင်းနိုင်ငံက မြန်မာ့အရေး ဖြေရှင်းရေး နည်းလမ်းသစ် အဆိုပြုမည်ဖြစ်ကြောင်း ရိုက်တာနှင့် AP သတင်းများအရ သိရှိရသည်။

ယနေ့ အောက်တိုဘာလ ၉ ရက်နေ့ လာအိုနိုင်ငံတွင် ကျင်းပသည့် ထိပ်သီးဆွေးနွေးပွဲတွင် အရှေ့ တောင်အာရှနိုင်ငံများမှ ခေါင်းဆောင်များ တွေ့ဆုံကာ မြန်မာနိုင်ငံတွင် ပိုမိုဆိုးရွားလာသော အကျပ် အတည်း ပြဿနာကို ကိုင်တွယ်ဖြေရှင်းနိုင်မည့် နည်းလမ်းများကို ရှာဖွေရန် ရှိနေကြောင်း၊ ထိုင်းနိုင်ငံက မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး ရရှိရေးနှင့် နိုင်ငံရေးအရ အဖြေရှာရန် လမ်းကြောင်းသစ်ကို အဆိုပြုသွားရန် ရှိကြောင်း သိရှိရသည်။

ထိုင်းနိုင်ငံက မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးပွဲတစ်ရပ်ကို လာမည့် ဒီဇင်ဘာလတွင် လက်ခံကျင်းပရန် အာဆီယံ အဖွဲ့ဝင် ၁၀ နိုင်ငံကို ကမ်းလှမ်းထားကြောင်း သိရှိရသည်။

“နိုင်ငံရေးအရ အဖြေရှာတာကို မြင်ချင်ပါတယ်။ ထိုင်းနိုင်ငံအနေနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးနဲ့ ပူးပေါင်းပြီးတော့ မြန်မာ့အရေး ဖြေရှင်းဖို့ အဆင်သင့်ရှိပါတယ်။ ဒါမှပဲ အာဆီယံအဖွဲ့ ကြီးရဲ့ ခိုင်မာတဲ့ ကြိုး ပမ်းမှုနဲ့ပဲ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ရရှိအောင် စွမ်းဆောင်နိုင်မှာပါ” ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Nikorndej Balankura က ပြောဆိုသည်။

ထိုင်းနိုင်ငံအနေဖြင့် လက်ရှိအာဆီယံအဖွဲ့၏ ငြိမ်းချမ်းရေး ကြိုးပမ်းမှုများကို အားဖြည့်ပေးမည်ဖြစ်သော်လည်း အာဆီယံ ပြင်ပနိုင်ငံများက မြန်မာ့အရေး ဖြေရှင်းရေးတွင် ချက်ချင်းပါဝင်နိုင်လိမ့်မည် မဟုတ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

မြန်မာနိုင်ငံ အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရန် ရွေးချယ်စရာများ နည်းပါးနေချိန်တွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီးတွင် ထိုင်းနိုင်ငံ၏ အဆိုပြုချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

လက်ရှိ အာဆီယံက အဆိုပြုထားသော “ဘုံသဘောတူညီချက် ၅ ချက်မှာ တိုးတက်မှု မရှိဘဲ အင်ဒိုနီးရှားက တော်လှန်ရေးအင်အားစုများကို တွေ့ဆုံဆွေးနွေးပွဲများ စတင်ရန် တွန်းအားပေးလျက်ရှိသည်။

ဒီဇင်ဘာတွင် ထိုင်းနိုင်ငံက ဦးဆောင် ကျင်းပမည့် မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးပွဲသို့ မြန်မာစစ်ဗိုလ်ချုပ်များ သို့မဟုတ် အတိုက်အခံများကို ဖိတ်ကြားခြင်း ရှိ၊ မရှိ ဆုံးဖြတ်ချက်သည် အာဆီယံ ဥက္ကဋ္ဌ လာအိုနှင့် အခြားသော အဖွဲ့ဝင်နိုင်ငံများအပေါ်တွင် မူတည်သည်ဟု ထိုင်းက ပြောသည်။

အာဆီယံထိပ်သီးအစည်းအဝေးသို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တက်ရောက်ရန် ရှိနေပြီး ၎င်း ၏ အာဆီယံ ခရီးစဉ်မတိုင်မီတွင် အရှေ့အာရှဆိုင်ရာ အမေရိကန်၏ ထိပ်တန်းသံတမန် Daniel Kritenbrink က မြန်မာနိုင်ငံတွင် အကြမ်းဖက်မှု လျှော့ချရေး၊ နိုင်ငံရေး အကျဉ်းသားများ လွတ် မြောက်ရေးနှင့် ဒီမိုကရေစီ အတိုက်အခံများနှင့် စကားပြောဆိုရန် ကြိုးပမ်းမှုများ လုံးဝတိုးတက်မှု မရှိခဲ့ကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article