30 C
Yangon

ရှမ်းတောင်တွင် တာဝန်ကျ ခလရ ၂၂၂ တပ်မှ အရာရှိများက သေဆုံးဒဏ်ရာရ စစ်သည်များ အတွက်ဟု ဆိုကာ အောင်ဘာလေထီလက်မှတ် ၁၀ စောင်လျှင် ငွေ ၁ သိန်းနှုန်းဖြင့် စီးပွား ရေးသမားများနှင့် ပြည်သူများကို ခြိမ်းခြောက် ရောင်းနေ

Must read

ရန်ကုန်၊ အောက်တိုဘာ ၉

ရှမ်းပြည်နယ်တောင်ပိုင်းတွင် တာဝန်ကျသည့် ခလရ ၂၂၂ တပ်မှ အရာရှိများက တိုက်ပွဲအတွင်း သေဆုံးဒဏ်ရာရ စစ်သည်များအတွက်ဟုဆိုကာ စီးပွားရေးလုပ်ငန်းရှင်များနှင့်ပြည်သူများကို အောင်ဘာလေထီလက်မှတ် ၁၀ စောင်လျှင် ၁ သိန်းနှုန်းဖြင့် လိုက်လံခြိမ်းခြောက် ရောင်းချနေကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွှေညောင်မြို့နယ်၊ ဟဲဟိုးမြို့နယ် ၊ အောင်ပန်းမြို့နယ် ၊ ကလောမြို့နယ် စသည့် မြို့နယ်များတွင် အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၂၂၂ တပ်က အရာရှိများကိုယ်တိုင် ယူနီဖောင်းဝတ်များဖြင့် မြေပြင်သို့ ကွင်းဆင်းပြီး သေဆုံးဒဏ်ရာရ စစ်သည်များအတွက်ဟုဆိုကာ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ ထံ ထီလက်မှတ် ၁၀ စောင်လျှင် ၁ သိန်းကျပ်နှုန်းဖြင့် မယူမနေရ ခြိမ်းခြောက်ရောင်းချနေခြင်းဖြစ် ကြောင်း သိရသည်။

“ခလရ ၂၂၂ တပ်က ရှမ်းတောင်မှာ တာဝန်ကျလို့ ဆိုပြီး အသေးစား၊ အလတ်စား လုပ်ငန်းရှင်တွေကို ထီလက်မှတ်တွေအတင်းထိုးရောင်း နေတာ၊ ထီတစ်အုပ်ကို ၁ သိန်း မယူမနေရပုံစံနဲ့ခြိမ်းခြောက်ပြီးရောင်းတာ၊ ဂန်းရှော့ဖြစ်သွားတဲ့ စစ်မှုထမ်းတွေ အတွက်တဲ့၊ မဝယ်လို့မရဘူး။ တပ်က အရာရှိတွေကိုယ်တိုင်ပါတယ်၊ Mark II ကားနဲ့ လိုက်ရောင်းတာပါ၊ ထီ ၁၀ စောင်ကို တစ်သိန်းနဲ့ရောင်းတာ။အဲဒါ ဆိုင်ထဲကို ဝင်လာတော့ အောင်ဘာလေထီ ၁၀ စောင်ဝယ်လိုက်ရတယ်။ ငြင်းလို့လည်းမရဘူး” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့နယ်၊ အောင်ပန်းမြို့နယ်၊ ရွှေညောင်မြို့နယ် တို့တွင် ရေကြီးပြီး စီးပွားရေးပျက်နေချိန် အကြမ်းဖက်စစ်ကောင်စီတပ်က မတရားအတင်းအကျပ် ခြိမ်းခြောက်ငွေတောင်းခံမှုများကြောင့် ပြည်သူအများအပြား စိတ်ညစ်နေကြရကြောင်း သိရသည်။

စီးပွားရေးလုပ်ငန်းရှင်တချို့က အောင်ဘာလေ ထီ အတင်းအကျပ် လိုက်လံရောင်းချနေသော ခလရ ၂၂၂ တပ်မှ အရာရှိများမှာ အမှန်တကယ် စစ်တပ်မှ အရာရှိများ ဟုတ်၊ မဟုတ် နီးစပ်ရာ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများသို့ ဆက်သွယ်မေးမြန်းရာတွင် ခလရ ၂၂၂ တပ်မှ အရာရှိများ မှန်ကန်ကြောင်း၊ တပ်ရန်ပုံငွေနှင့် စစ်မှုထမ်းများအတွက်ဟုဆိုကာ အောင်ဘာလေ ထီရောင်းမည်ဟုဆိုကာ လိုက်လံရောင်းချနေခြင်းဖြစ်ကြောင်း သိရှိရသည်။

ခလရ တပ်ရင်း ၂၂၂ သည် စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့အခြေစိုက် တပ်ရင်းဖြစ်ပြီး ရှမ်းပြည်နယ်တောင်ပိုင်းသို့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များက ထိုးစစ်ဆင်လာမည်ကို စိုးရိမ်၍ ဟုမ္မလင်း ခလရ ၂၂၂ တပ်မှ ထုတ်နုတ်အင်အားများကို ရှမ်းပြည်တောင်ပိုင်း ပြောင်းရွှေ့ တာဝန်ချထားခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ – ခလရ ၂၂၂ တပ်မှ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ခလရ ၂၂၂ တပ်မှ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article