27 C
Yangon

စစ်အာဏာသိမ်းပြီးနောက် စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၃၂၉၂ ခု လုပ်ဆောင်ခဲ့ပြီး ပြည်သူ ၁၇၄၉ ဦး သေဆုံး၊ ရခိုင်နှင့်ရှမ်းမြောက်တွင် လေကြောင်းတိုက်ခိုက်ခံရမှု အများဆုံးဖြစ်

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၀

အကြမ်းဖက်စစ်ကောင်စီက ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၄ ခုနှစ် ဩဂုတ်လအထိ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ် ၃၂၉၂ ခုလုပ်ဆောင်ခဲ့ပြီး ပြည်သူ စုစုပေါင်း ၁၇၄၉ ဦး သေဆုံးခဲ့ကြောင်း ဉာဏ်လင်းသစ်သုတေသနအဖွဲ့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်ခဲ့သော စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများတွင် ပြည်သူ ၂၄၅၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ လေကြောင်းတိုက်ခိုက်မှုကြောင့် ဘာသာရေးအဆောက်အအုံ ၂၄၈ ခု၊ စာသင်ကျောင်း ၁၄၂ ခု၊ ဆေးရုံ ၅၅ ခု ပျက်စီးခဲ့ရကြောင်း ၊ အကြမ်း ဖက်စစ်ကောင်စီက ယခု ၂၀၂၄ ခုနှစ် ၄ လတာကာလအတွင်းတွင်ပင် လေကြောင်းတိုက်ခိုက်မှု ၈၂၀ ခုလုပ်ဆောင်ခဲ့ပြီး ပျမ်းမျှတစ်ရက်လျှင် လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ် ၇ ခုနီးပါး တိုက်ခိုက်ခဲ့ကာ အဆိုပါ လေကြောင်းတိုက်ခိုက်မှုများအတွင်း ပြည်သူ ၄၅၅ သေဆုံးခဲ့ကြောင်း ဉာဏ်လင်းသစ်သုတေသနအဖွဲ့က ပြောဆိုသည်။

၂၀၂၄ ခုနှစ် မေလမှ ဩဂုတ်လအထိ ရက်ပေါင်း ၁၂၃ ရက်အတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကို ဉာဏ်လင်းသစ် သုတေသနအဖွဲ့က လေ့လာ ဆန်းစစ်မှုများ လုပ်ဆောင်ထားခြင်းဖြစ်ပြီး ရခိုင်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ခဲ့မှု အများဆုံးဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်တပ်က ရခိုင်တွင် လေကြောင်းတိုက်ခိုက်မှု ၁၇၆ ကြိမ်၊ ရှမ်းပြည် မြောက်ပိုင်းတွင် ၁၅၁ ကြိမ်၊ မန္တလေးတွင် ၁၃၂ ကြိမ် ၊ ကချင်တွင် ၁၀၉ ကြိမ် ၊ စစ်ကိုင်းတွင် ၇၁ ကြိမ် ၊ မကွေးတွင် ၄၅ ကြိမ် ၊ တနင်္သာရီနှင့် ချင်းတွင် ၃၉ ကြိမ် ၊ ကရင်တွင် ၂၉ ကြိမ် ၊ ပဲခူးတွင် ၉ ကြိမ် ၊ ကရင်နီတွင် ၈ ကြိမ် ၊ မွန်နှင့် ရှမ်းပြည် တောင်ပိုင်းတွင် ၆ ကြိမ်စီ ပြုလုပ်ခဲ့ကြောင်း၊ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဘာသာရေးအဆောက်အအုံ ၆၁ လုံး၊ စာသင်ကျောင်း ၂၈ ခု၊ ဆေးရုံ ၁၆ ခု ပျက်စီးခဲ့ရကြောင်း သိရှိရသည်။

ထိုသို့ အကြမ်းဖက်စစ်တပ်၏ ၄ လတာ ကာလအတွင်း လေကြောင်းတိုက်ခိုက်မှုများတွင် ဓာတုအဆိပ်ငွေ့ဗုံးများ အသုံးပြုခဲ့မှုများလည်း ရှိပြီး အဆိုပါ ဖြစ်စဉ်များတွင် နောင်ချိုမြို့နယ်ကို ဓာတုအဆိပ်ငွေ့ဗုံး အသုံးပြုမှု အများဆုံးဖြစ်နေကာ မေလ ၈ ရက်၊ မေလ ၁၂ ရက်၊ မေလ ၁၇ ရက်၊ ဇူလိုင်လ ၁ ရက်၊ ဇူလိုင်လ ၅ ရက်နေ့၊ ဩဂုတ်လ ၁၅ ရက်နေ့များတွင် နောင်ချိုမြို့နယ်ကို ဓာတုအဆိပ်ငွေ့ဗုံးများ အသုံးပြုခဲ့ကြောင်း၊ ဇူလိုင်လ ၁၁ ရက်နေ့တွင် ဖားဆောင်းမြို့နယ်နှင့် ဩဂုတ်လ ၂၅ ရက်နေ့များတွင် မောင်တောမြို့နယ်များကို ဓာတုအဆိပ်ငွေ့ဗုံးများ အသုံးပြုခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ – ယမန်နှစ် ကချင်ပြည်နယ်၊ မုန်လိုင်ခက် ကျေးရွာတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသော လသားအရွယ်ကလေးငယ်တစ်ဦး။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ယမန်နှစ် ကချင်ပြည်နယ်၊ မုန်လိုင်ခက် ကျေးရွာတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသော လသားအရွယ်ကလေးငယ်တစ်ဦး။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article