27 C
Yangon

Breaking News- မတ္တရာမြို့နယ်၊ ဝေါစုကျေးရွာ ဘုန်းကြီးကျောင်းရှိ စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲမှု သံဃာ ၃ ပါး၊ ကလေး ၁ ဦး အပါအဝင် ပြည်သူ ၁၂ ဦး သေဆုံး

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၁

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ဝေါစုကျေးရွာ ဘုန်းကြီးကျောင်းရှိ စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ သံဃာ ၃ ပါး၊ ကလေး ၁ ဦး အပါအဝင် ပြည်သူ ၁၂ ဦး သေဆုံးကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာ ၁၁ ရက်နေ့ မွန်းလွဲ ၁ နာရီ မတ္ထရာမြို့နယ်၊ ဝေါစုကျေးရွာ ဘုန်းကြီးကျောင်း၊ စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီက လေ ယာဉ်ဖြင့် ဗုံးကျဲချခဲ့ကြောင်း၊ သံဃာ ၃ ပါး၊ အမျိုးသား ၄ ဦး၊ အမျိုးသမီး ၁ ဦး၊ ၁၂ နှစ်ကလေးငယ် ၁ ဦး၊ အပါအဝင် စုစုပေါင်း ပြည်သူ ၁၂ ဦး သေဆုံးခဲ့ကြောင်း၊ ပြည်သူ ၃၀ ဦးလည်း ဒဏ်ရာရရှိကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

“တိုက်ပွဲ ဖြစ်တာမရှိပါဘူး။ ပြည်သူ ၁၂ ဦးသေဆုံးပါတယ်။ ဝေါစုကျေးရွာ စစ်ရှောင်ခခန်းမှ အခု ရွှေ့ပြောင်းနေရာကနေ လက်နက်ကြီးနဲ့ ထုအခံနေရတယ်။ ပြည်သူ ၃၀ ဦးလည်း ဒဏ်ရာရရှိပါတယ်” ဟု သေပြည်သူက ရှင်းပြသည်။

လက်ရှိတွင် စစ်ကောင်စီတပ်မှ စစ်ကြောင်းများက မတ္တရာမြို့နယ်အတွင်း စစ်ကြောင်းထိုးနေပြီး ပြည်သူ့ကာကွယ်ရေးတပ်များနှင့် တိုက်ပွဲများဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article