Khit Thit သတင်းဌာန၏ အောက်တိုဘာ ၁၂ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ အောက်တိုဘာ ၁၂ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ဝေါစုကျေးရွာက စစ်ဘေးရှောင်စခန်းကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့် သံဃာတော်တွေ၊ ကလေးတွေအပါအဝင် ပြည်သူ ၁၂ ဦးသေဆုံးပြီး အဲဒီလိုတိုက်ခိုက်တာဟာ စစ်ရာဇဝတ်မှုကျူးလွန်တာလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) MDY PDFက သတင်းထုတ်ပြန်ပါတယ်။
အကြမ်းဖက်စစ်ကောင်စီက လာမယ့်နှစ်အတွက် ပြုလုပ်မယ်လို့ ပြောဆိုနေတဲ့ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှုမရှိနိုင်ဘဲ စစ်တပ်ကို အာဏာပြန်ပေးမယ့်ရွေးကောက်ပွဲသာဖြစ်တယ်လို့ အမေရိကန်ရဲ့ ကမ္ဘာလုံးဆိုင်ရာရာဇဝတ်မှုတွေအတွက် တရားမျှတမှုဆိုင်ရာ အကြီးတန်းသံအမတ် ဘတ်သ် ဗန် ရှက်ခ်က ပြောပါတယ်။
မြန်မာနိုင်ငံအနှံ့ အရပ်သားတွေနဲ့ တော်လှန်ရေးအဖွဲ့တွေကို နေ့စဉ် လေကြောင်း ဗုံးကျဲတိုက်ခိုက်မှု ပြုလုပ်နေတဲ့ အာဏာသိမ်းစစ်ကောင်စီအတွက် လေယာဉ်ဆီကို ဗီယက်နမ်နိုင်ငံက အဓိကတင်ပို့ ရောင်းချနေတာကြောင့် ဗီယက်နမ်နိုင်ငံကို တားဆီးပိတ်ပင်ရေးအတွက် တိုက်တွန်းသွားမယ်လို့ ကုလသမဂ္ဂအထူးစုံစမ်းရေးမှူး မစ္စတာတွမ်အန်ဒရူးက ပြောဆိုလိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်သွားပါမယ်။