28 C
Yangon

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၁၂ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၁၂ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ အောက်တိုဘာ ၁၂ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

အကြမ်းဖက် စစ်ကောင်စီရဲ့ ဖမ်းဆီးမှုကို ခံရပြီးတဲ့နောက် သတင်းပျောက်ဆုံးနေတဲ့ စီးပွား/ကူးသန်း ဒုဝန်ကြီးဟောင်း ညွှန့်အောင် ဆိုသူဟာ ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခံထားရတဲ့အပြင် ၊ ပိုင်ဆိုင်မှုတွေပါ စစ်တပ်က ချိတ်ပိတ်သိမ်းဆည်းထားတယ်လို့ စီးပွား/ကူးသန်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

စစ်ကိုင်းတိုင်းက ပင်လည်ဘူးမြို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်မှုဟာ အကြမ်းဖက် စစ်ကောင်စီရဲ့ ခံစစ်လိုင်းကို ချိုးဖျက်နိုင်တဲ့ အရေးကြီးသော မဟာဗျူဟာ ထိုးစစ် အောင်ပွဲဖြစ်တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနကနေ တရားဝင် ကြေညာလိုက်ပါတယ်။

-မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းမှုကြောင့် လူကုန်ကူးမှုအပါအဝင် ၊ ကျားဖြန့် နဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွေလည်း တိုးပွားလာပြီး မူးယစ်ဆေးဝါးဝင်ငွေ ဒေါ်လာ သန်း ၁ ထောင်ကျော်ဟာ ပြည်တွင်းကို စီးဆင်းနေတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလအစည်းအဝေးမှာ တင်ပြပြောဆိုသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article