24.9 C
Yangon

မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသအတွင်း စစ်တပ်နှင့် SNA ပူးပေါင်းအဖွဲ့က စစ်ကြောင်းထိုးနေ၍ တိုက်ပွဲ ပြင်းထန်နေ

Must read

ရန်ကုန်၊ ဇူလိုင် ၃

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသအတွင်း အကြမ်းဖက်စစ်တပ်နှင့် SNA ပူးပေါင်းအဖွဲ့က စစ်ကြောင်းထိုးနေ၍ တိုက်ပွဲပြင်းထန်နေကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇူလိုင်လ ၁ ရက်နေ့မှ စတင်၍ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသအတွင်းရှိ လုံးတုံရွာအနီးသို့ အကြမ်းဖက်စစ်တပ်နှင့် SNA ပူးပေါင်းအဖွဲ့က စစ်ကြောင်းထိုးဝင်ရောက်လာပြီး၊ ဇူလိုင်လ ၂ ရက်နေ့မှ စတင်ကာ ပတ္တာမြားတောင်ဘက်သို့ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ အကြမ်းဖက်စစ်တပ်၏ ထိုးစစ်ဆင်တိုက်ခိုက်ခြင်းကြောင့် ပတ္တာမြားတောင်ရှိ တော်လှန်ရေးတပ်များ၏ တပ်စခန်းတချို့ ဆုတ်ခွာပေးလိုက်ရကြောင်း၊ တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်မှုရှိသော်လည်း အခြေအနေအသေးစိတ်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ လက်ရှိအချိန်တွင် လုံးတုံရွာ ရပ်ကွက် ၁ နှင့် ရပ်ကွက် ၅ မှ ပြည်သူများ စစ်ဘေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

“သူတို့က ပတ္တာမြားတောင်ကို ပြန်ယူမယ်ဆိုပြီး လွန်ခဲ့တဲ့ ၂ ရက်လောက်ကတည်းက လုံးတုံ ရပ်ကွက် ၁ နဲ့ ရပ်ကွက် ၅ ကလူတွေကို ဘုန်းကြီးကျောင်းကို စစ်ရှောင်ခိုင်းထားတာ။ အဲဒါ မနေ့ညကမှ စပြီးပစ်တာပေါ့။ လက်နက်ကြီးတွေနဲ့ တောက်လျှောက်ပစ်ပြီး ထိုးစစ်ဆင်တာ။ မနေ့က မွန်းလွဲပိုင်းက ပတ္တာမြားတောင် ပြန်ပါသွားတယ်။ စခန်းလက်လွတ်လိုက်ရတယ်။ ၁၂၀ မမ တွေနဲ့ အချိန်ပြည့်ထုနေတာ။ စနိုက်ပါနဲ့လည်း လှမ်းထောက်နေတော့ နောက်ဆုတ်ပေးလိုက်ရတယ်” ဟု ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

အလားတူ မေလ ၁၁ ရက်နေ့ကလည်း မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသရှိ ဟဲပါးရွာသို့ စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်တပ်ကို KIA ပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့သေးကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားသဖြင့် စစ်ကြောင်းတစ်ခုလုံး ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article