29 C
Yangon

မြစ်ခြေမြို့ကို စစ်တပ်က လေကြောင်းဖြင့် ပစ်ခတ် တိုက်ခိုက်ပြီး မြေပြင်မှ စစ်ကြောင်းထိုး ဝင်ရောက်၍ ပြည်သူ ၃၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထား၊ သောင်းနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရ

Must read

မြစ်ခြေမြို့ကို စစ်တပ်က လေကြောင်းဖြင့် ပစ်ခတ် တိုက်ခိုက်ပြီး မြေပြင်မှ စစ်ကြောင်းထိုး ဝင်ရောက်၍ ပြည်သူ ၃၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထား၊ သောင်းနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရ

ရန်ကုန်၊ အောက်တိုဘာ ၁၂

မကွေးတိုင်း၊ မြစ်ခြေမြို့ကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ပစ်ခတ် တိုက်ခိုက်ပြီး မြေပြင်မှ စစ်ကြောင်းထိုး ဝင်ရောက်၍ ပြည်သူ ၃၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထားကာ သောင်းနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၁၂ ရက်နေ့ မွန်းလွဲပိုင်းတွင် အကြမ်းဖက် စစ်တပ်က မြစ်ခြေမြို့ကို Mi-35 ရဟတ်ယာဉ်ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး နေအိမ်တချို့ မီးလောင်ကာ မြို့ထဲကို အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းဖြင့် ဝင်ရောက် စီးနင်းခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်း ဝင်ရောက်လာပြီးနောက် အိုင်ရှည်မြောက်ရပ်ကွက် ဘုန်းကြီးကျောင်းဝင်းထဲတွင် ပြည်သူ ၃၀ ကျော်ကို ဖမ်းလာကာ စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး လက်ရှိချိန်ထိ ဖမ်းဆီးထားကြောင်း သိရှိရသည်။

ထို့ပြင် သောင်းနှင့်ချီသော ပြည်သူများလည်း မြို့လုံးကျွတ်နီးပါးထွက်ပြေး တိမ်းရှောင်နေရပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများက မြို့ပေါ်တွင် ယခု ညပိုင်းထိ သေနတ်ဖြင့် ရမ်းသမ်း ပစ်ခတ်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

“စစ်ခွေးတွေက အခုထိ ပစ်နေတုန်းပဲ မြို့ပေါ်မှာ သေနတ်သံတွေ ဆူညံနေတာပဲ။ စစ်ခွေး လေယာဥ်တော့မရှိတော့ဘူး။ မြေပြင်ကနေ အင်အား ၁၀၀ ကျော်နဲ့ ဝင်လာတဲ့ စစ်ခွေးတွေက ရမ်းသမ်း ပစ်ခတ်နေတာပါ။ ပြည်သူ ၃၀ ကျော်လောက်လည်း ဖမ်းဆီးခံထားရတယ်” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article