29 C
Yangon

မန္တလေးတွင် ငွေတောင်းကြမ်းပြီး ပြည်သူများကို ရိုင်းစိုင်းစွာ ဆက်ဆံသော ယာဉ်ထိန်းဒုရဲအုပ် ဖူးပွင့်ဇော် ပစ်ခတ်ခံရပြီး အဆုတ်ကျည်ဖောက်ဝင်ဒဏ်ရာဖြင့် သေဆုံး

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၅

မန္တလေးတွင် ငွေတောင်းကြမ်းပြီး ပြည်သူများကို ရိုင်းစိုင်းစွာ ဆက်ဆံသော ယာဉ်ထိန်းဒုရဲအုပ် ဖူးပွင့်ဇော် ပစ်ခတ်ခံရပြီး အဆုတ်ကျည်ဖောက်ဝင်ဒဏ်ရာဖြင့် သေဆုံးသွားပြီဖြစ်ကြောင်း သိရှိရသည်။

အောက်တိုဘာလ ၁၃ ရက်နေ့ ညနေ ၃ နာရီ ၅၀ မိနစ်အချိန် မန္တလေး၊ ပြည်ကြီးတံခွန်မြိုနယ်၊ စ ရပ်ကွက်၊ ၆၂ လမ်း၊ ၁၂၄ လမ်းနှင့် ၁၂၅ လမ်းအကြားတွင် ယာဉ်စစ်အဖြစ် ဆောင်ရွက်နေသော ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုရဲအုပ်ဖူးပွင့်ဇော်ကို ဆိုင်ကယ်စီးသူ ၂ ဦးက သေနတ်ဖြင့် ပစ်ခတ်သွားခဲ့ကြောင်း၊ အဆိုပါ ပစ်ခတ်မှုကြောင့် ဒုရဲအုပ် ဖူးပွင့်ဇော်တွင် ညာဘက် အဆုတ်ဖောက်ဝင်ဒဏ်ရာဖြင့် ဆေးရုံတင်ပို့ကုသခဲ့ရပြီး ICU အထူးကြပ်မတ်ဆောင်တွင် အရေးပေါ် ဆေးကုသမှု ပေးရကြောင်း၊ သို့ရာတွင်​ အောက်တိုဘာလ ၁၄ ရက်နေ့ ညပိုင်းတွင် ရရှိဒဏ်ရာဖြင့် သေဆုံးသွားကြောင်း မန္တလေးရဲအသိုင်းအ၀ိုင်း၏ ပြောဆိုချက်အရ သိရှိရသည်။

“မန္တလေးမှာတော့ ယာဉ်ထိန်းရဲတွေက ငွေအရမ်းတောင်းတယ်။ ပြည်သူတွေကို မောက်မာတယ်။ ရိုင်းစိုင်းတယ်။ ဟိုနေ့က အပစ်ခတ်ခံရတဲ့ ဒုရဲအုပ် ရဲမေဆိုရင်လည်း အဲဒီနားမှာပဲ အမြဲလိုလို ယာဉ်စစ်လုပ်နေတာ။ အပြောအဆို အရမ်းရိုင်းစိုင်းလို့ နာမည်ကြီးတဲ့သူ။ ငွေတောင်းတာလည်း ပက်စက်တယ်” ဟု မန္တလေးမှ ဆိုင်ကယ်ကယ်ရီသမားတစ်ဦးက ဆိုသည်။

မန္တလေးတွင် ယာဉ်ထိန်းရဲ ဒုရဲအုပ်ကို ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်တပ်က မန္တလေးတစ်မြို့လုံး အစစ်အဆေးများ ယခင်ကထက် တင်းကျပ်ခဲ့ပြီး ဆိုင်ကယ်များကို Tool Box များပါ ဖွင့်လှစ်ခိုင်းကာ ရှာဖွေမှုများ လုပ်ဆောင်ကြောင်း၊ အင်္ကျီလက်ရှည်နှင့် ဂျာကင်ဝတ်သူများကို အင်္ကျီများ ချွတ်ခိုင်းသည်အထိရှာဖွေမှုများ ကြမ်းတမ်းစွာ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article