29 C
Yangon

သာယာဝတီတွင် စစ်တပ်ခန့် ၅ ရွာစား အုပ်ချုပ်ရေးမှူး ဝင်းဇော် ပစ်ခတ်ခံရပြီး ရန်ကုန်ဆေးရုံတွင် အတွင်းလူနာအဖြစ် ဆေးကုနေရ

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၅

ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်တွင် အကြမ်းဖက် စစ်တပ်ခန့် ၅ ရွာစား အုပ်ချုပ်ရေးမှူး ဝင်းဇော်သည် သုံးဆယ်မြို့သို့ အိမ်စီးကားဖြင့် အသွား လမ်းတွင် ပစ်ခတ်ခံရပြီး ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် အရေးပေါ် ဆေးကုသမှု ခံယူနေရကြောင်း သာယာဝတီဂဠုန်တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၁၄ ရက်နေ့ နံနက် ၇ နာရီ ၁၅ မိနစ်ခန့်အချိန် သာယာဝတီမြို့နယ်၊ စည်ပင်‌ကျေးရွာတွင် နေထိုင်သော ၅ ရွာစား အုပ်ချုပ်ရေးမှူး ဝင်းဇော် သည် သုံးဆယ်မြို့ပေါ်သို့ ၎င်း၏ အိမ်စီးကားဖြင့် သွားရောက်စဉ် သုံးဆယ်-တောင်ညို ပန်းဆွဲလမ်းပိုင်းတွင် သာယာဝတီဂဠုန်တပ်ဖွဲ့မှ တော်လှန်ရေး ရဲဘော်များက ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း ၅ ရွာစား အုပ်ချုပ်ရေးမှူး ဝင်းဇော်သည် ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး ရန်ကုန်ဆေးရုံကြီး၌ အရေးပေါ် ပို့ဆောင်လိုက်ရကာ ဆေးကုသမှု ခံယူနေကြောင်း၊ ထို့ပြင် ကားနောက်ခန်းတွင် လိုက်ပါလာသည့် ၎င်း၏ တပည့် ဖြစ်သူ ပျူစောထီး သင်တန်းဆင်း ဘိုစိုး ဆိုသူလည်း ဝမ်းဗိုက်တွင် ကျည် ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဝင်းဇော်သည် စည်ပင်ကျေးရွာ ၊ လက်ပံတုန်းကျေးရွာ၊ ချမ်းသာကုန်းကျေးရွာ၊ ချီကြီးကွင်းကျေးရွာနှင့် ကြို့ကုန်းကျေးရွာ တို့၏ အုပ်ချုပ်ရေးမှူးဖြစ်ပြီး ပျူစောထီး ခေါင်းဆောင် တစ်ဦးလည်း ဖြစ်ကြောင်း၊ ၎င်းသည် ကျေးရွာ ပြည်သူ့စစ်များစွာကို လက်သပ်မွေးထားပြီး လက်ပံတန်း-ရေငံ တိုက်ပွဲအတွင်း အကြမ်း ဖက် စစ်တပ် နှင့်အတူ ၎င်း၏ ပျူစောထီးများ ပူးပေါင်း ပါဝင်တိုက်ခိုက်ခဲ့ကြောင်း၊ ကျေးရွာများအတွင်းရှိ စစ်ဘေးရှောင်ပြည်သူများ ထားခဲ့သော အိမ်ထောင် ပရိဘောဂများ၊ လယ်ယာသုံး ပစ္စည်းများ ကို လုယူ သယ်ဆောင်လာပြီး ပြန်လည် ရောင်းချနေသူလည်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဝင်းဇော်သည် စစ်ဘေးရှောင်ရွာမှ ရိတ်သိမ်း‌ခြွေလှေ့စက်ကြီးများကို အကြမ်းဖက် စစ်တပ် နှင့်အတူ ယူဆောင်လာပြီး သုံးဆယ်မြို့ အထွက် ခရိုနီ မျိုးကြီး၏ သိုလှောင်ရုံတွင် ခိုးယူဝှက်ထားကြောင်း သာယာဝတီဂဠုန်တပ်ဖွဲ့မှ တာဝန်ရှိသူက ရှင်းပြသည်။

စစ်ဆင်ရေးကို သာယာဝတီ ဂဠုန်တပ်ဖွဲ့က ပြုလုပ်ခဲ့ပြီး စစ်ကောင်စီ၏ ဒေါက်တိုင်များကို ဆက်လက် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း၊ အဆိုပါ အုပ်ချုပ်ရေးမှူး ဝင်းဇော်ကို ၂၀၂၂ ခုနှစ် ဩဂုတ်လ ၅ ရက်နေ့ကလည်း သာယာဝတီဂဠုန်တပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ရှပ်ထိဒဏ်ရာများသာ ရရှိခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article