29 C
Yangon

မုဒုံရှိ စစ်ကောင်စီ၏ အမှတ် ၃၁၈ အမြောက်တပ်ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှု လက်နက်တိုက်ပျက်စီးပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံး

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၅

မွန်ပြည်နယ်၊ မုဒုံမြို့နယ်ရှိ စစ်ကောင်စီ၏ အမှတ် ၃၁၈ အမြောက်တပ်ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှု လက်နက်တိုက်ပျက်စီးပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးကြောင်း တောင်ပိုင်းတိုင်းစစ်ဒေသက သတင်းထုတ်ပြန်သည်။

အောက်တိုဘာလ ၈ ရက်နေ့ မွန်ပြည်နယ်၊ မုဒုံမြိုနယ် အဘစ်ကျေးရွာရှိ စစ်ကောင်စီ၏အမြောက်တပ် – ၃၁၈ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲများက ရှော့တိုက်ဒုံးများဖြင့်ပစ်ခတ်တိုက်ခဲ့ရာ လက်နက်တိုက်၊ အခြားအ‌ဆောက်အအုံများနှင့် လက်နက်ကြီး အထိုင်စခန်းနေရာ ပျက်စီးခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီ ၃ဦးသေဆုံး၍ ၁ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

အဆိုပါ စစ်ဆင်ရေးကို SDDF Missile Team က ထုတ်လုပ်သော ရှော့တိုက်ဒုံးနှင့် ဒရုန်းများကိုအသုံးပြုခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်မ တော်၊ တောင်ပိုင်းစစ်ဒေသ၊ ဒေါနတပ်ရင်း တပ်ခွဲ ၂၊ တပ်ခွဲ ၄၊ ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ(KBDF)၊ Saw Dragon Drone Force-SDDF(ဒရုန်းအထူးတပ်ဖွဲ)၊ မွန်ပြည်တော်လှန်ရေးတပ်-(MSRF)၊ မွန်ပြည်ကာကွယ်‌ရေးတပ်-(MSDF)၊ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး-(NMSP-AD) နှင့် Ye Air Force (YAF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF) တပ်ရင်း ၁၊ ထားဝယ်ခရိုင် အမှတ် ၂ တပ်ရင်း(T5)၊ ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦး(DDPDF) ,တို ပါဝင်ခဲ့ကြကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article