28 C
Yangon

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ဒုချုပ် စိုးဝင်း ရောက်ရှိစဉ် ဒရုန်း ၂ စီးဖြင့် ဖောက်ခွဲ တိုက်ခိုက်၊ ကညွတ်ကွင်းရှိ ၄၃၉ ပွိုင့်တွင် အထိုင်ချထားသော စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ဒုချုပ် စိုးဝင်း ရောက်ရှိစဉ် ဒရုန်း ၂ စီးဖြင့် ဖောက်ခွဲ တိုက်ခိုက်၊ ကညွတ်ကွင်းရှိ ၄၃၉ ပွိုင့်တွင် အထိုင်ချထားသော စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ အောက်တိုဘာ ၁၅

စစ်ကိုင်းတိုင်း၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) တပ်အတွင်းကို ဒုချုပ် စိုးဝင်း ရောက်ရှိနေစဉ် ကာမီကာဇေ ဒရုန်း ၂ စီးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ ထိရောက်စွာ ပေါက်ကွဲမှုရှိခဲ့ကြောင်း ဒေါင်းတမာန် လေကြောင်း စစ်ဆင်ရေးမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ အောက်တိုဘာလ ၁၅ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) တပ်အတွင်းကို ဒုတိယ ဗိုလ်ချုပ်မှူး ကြီး စိုးဝင်းသည် ရဟတ်ယာဉ်ဖြင့် ရောက်ရှိလာပြီး စစ်ရုံးချုပ်ထဲ၌ ၎င်း၏လက်အောက်ငယ်များကို တွေ့ဆုံနေစဉ် ဒေါင်းတမန်လေကြောင်းစစ်ဆင်ရေးအဖွဲ့က ကာမီကာဇေ ဒရုန်း ၁ စီးဖြင့် လည်းကောင်း၊ နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန်တွင် နမခ တပ်အတွင်းရှိ ဒုချုပ်စိုးဝင်း၏ ရဟတ်ယာဉ် ရပ်နားထားသည့်နေရာကို ကာမီကာဇေ ဒရုန်း ၁ စီးဖြင့်လည်းကောင်း ထပ်မံ ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရ သည်။

“ဒုချုပ်စိုးဝင်းရောက်နေတယ်ဆိုပြီး သတင်းရရချင်း ပြင်းဆင်ပြီး တိုက်ခိုက်ခဲ့တာပါ။ ပေါက်ကွဲသံ ကတော့ ၂ ခါလွှတ်တာ၊ ၂ ကြိမ်လုံးကြားရတယ်။ ကျနော်တို့က ပစ်မှတ်တွေနဲ့ အနီးဆုံးနေရာကနေ ကြားခဲ့ရတာပါ။ ထိခိုက်မှုအခြေအနေကတော့ စုံစမ်းနေဆဲပါပဲ။ လုံခြုံရေးလည်းအထူး တင်းကြပ် ထားတယ်။ ကျနော်တို့ ဒေါင်းတမာန်အဖွဲ့သားတွေ အားလုံး စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းနိုင်ရေး အတွက်ကြိုးစားဆောင်ရွက်နေကြပါတယ်။ မိဘပြည်သူတွေ အနေနဲ့လည်း ပူးပေါင်းပါဝင်ကူညီပေး ကြပါအုံးလို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု ဒေါင်းတမန် လေကြောင်းမှ စစ်ဆင်ရေး တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ထိုသို့ ဖောက်ခွဲ တိုက်ခိုက်မှုအတွင်း ထိရောက်စွာ ပေါက်ကွဲမှုရှိခဲ့ပြီး ဒုတိယအကြိမ် ထပ်မံတိုက်ခိုက်ပြီးနောက် နမခတပ်အတွင်းမှ ရဟတ်ယာဉ် တစ်စီးဖြင့် ကင်းပတ်ပျံဝဲကာ လုံခြုံရေးယူပြီးနောက် ရဟတ်ယာဉ် ၂ စီးလည်း ပျံတက်မောင်းနှင်ထွက်ပြေးသွားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ဒေါင်းတမန် စစ်ဆင်ရေးအဖွဲ့များသည် Shar Htoo Waw နည်းပညာ တပ်ဖွဲ့ ၏ Team (3) PDAF (ဧရာဝတီတိုင်း) (ပကဖ) ဒရုန်းတပ်ဖွဲ့-(၂) ၊ Shar Htoo Waw နည်းပညာတပ် ဖွဲ့ ၏ Team (4) SSTF ၊ Eagle Wing Drone Force ၊ ဗေဒါပျံ (Drone Team) ဧရာဝတီတိုင်း ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ Union Brothers-UB (ပြည်သူ့အကျိုးဆောင်အဖွဲ့ ၊ “ငါတို့”ထောက်ပို့အဖွဲ့ ၊ ခွန်အားမျှပါ သိန်း(၅၀၀၀)ထောက်ပို့အဖွဲ့နှင့် ဒေသခံတပ်ရင်း၊တပ်ဖွဲ့များပူးပေါင်းကာ တိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်များ အထိအခိုက်မရှိ ဘေးကင်းစွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

အလားတူ ပဲခူးတိုင်း၊ကညွတ်ကွင်း ၄၃၉ ပွိုင့်တွင် အထိုင်ချတပ်စွဲထားသော အကြမ်းဖက်စစ်တပ်ကိုလည်း ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ကြောင်း သာယာဝတီခရိုင် ပကဖ စစ်ရေး တာဝန်ခံ ရဲဘော်သစ္စာ က ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၁၂ရက်နေ့တွင် ဖြူးမြို့နယ်ရှိ ကညွတ်ကွင်း ၄၃၉ ပွိုင့်ကို နံနက် ၉ နာရီ ၆ မိနစ်ခန့်၌ ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားကို သေဆုံးမှုကို စုံစမ်းလျက်ရှိပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါတိုက်မှုကို ဖြူးမြို့နယ် ပကဖ နှင့် သာယာ၀တီခရိုင် ပကဖ တို့က ပူပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article