30 C
Yangon

ထားဝယ်မြို့တွင် ၂ ရက်ဆက်တိုက် ဗုံးများပေါက်ကွဲပြီး စစ်ကောင်စီက လုံခြုံရေးတင်းကျပ်ထား၊ ထားဝယ်မှ ပြည်သူများ စစ်ကောင်စီ၏ ပွဲလမ်း သဘင်များတွင် ပါဝင်ခြင်းမပြုကြရန် တော်လှန်ရေးတပ်ဖွဲ့ သတိပေး

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၆

တနင်္သာရီတိုင်း ထားဝယ်မြို့တွင် ၂ ရက်ဆက်တိုက် ဗုံးများပေါက်ကွဲနေပြီး အကြမ်းဖက်စစ်ကောင်စီက လုံခြုံရေးတင်းကျပ်ထားကြောင်း ထားဝယ်မြို့ခံပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၁၄ ရက်နေ့နှင့် အောက်တိုဘာလ ၁၅ ရက်နေ့တို့တွင် ထား ဝယ်မြို့ပေါ်၊ ကမ်းနားလမ်းတွင် ဗုံးများ ပေါက်ကွဲခဲ့ကြောင်း၊ သေဆုံးမှုမရှိသော် လည်း အနည်းငယ်ထိခိုက်မှုများရှိကြောင်း၊ အကြမ်းဖက်စစ်ကောင်စီက ယနေ့ အောက်တိုဘာလ ၁၆ ရက်နေ့ ထားဝယ်မြို့ပေါ်တွင် လုံခြုံရေးတင်းကျပ်မှုများရှိနေကြောင်း ပြောဆိုသည်။

ယမန်နေ့ အောက်တိုဘာလ ၁၅ ရက်နေ့ နံနက် ၈ နာရီမှ နံနက် ၈ နာရီ ၃၅ မိနစ်အကြား ထားဝယ်မြို့၊ ကမ်းနားလမ်း၊ သဲကွင်းရှိ ထားဝယ်ရိုးရာသပိတ်မျှောပွဲ ကျင်းပရန် ပြင်ဆင်ထားသည့်နေရာအနီးဝန်းကျင်တွင် ဗုံး ၂ ကြိမ်ပေါက်ကွဲခဲ့ကြောင်း၊ အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် ပြည်သူ ၁ ဦးအနည်းငယ် ထိခိုက်ဒဏ်ရာရရှိခဲ့သော်လည်း စိုးရိမ်စရာမရှိကြောင်း၊ အောက်တိုဘာလ ၁၄ ရက်နေ့ နံနက် ၁၁ နာရီဝန်းကျင်အချိန် ကမ်းနားစျေး၊ ကားပါကင်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

“မနေ့ကရော တနေ့ကရော ဗုံးတွေပေါက်တယ်။ ကမ်းနားလမ်းဘက်မှာပဲ ပေါက်တာ။ ဒီမနက်တော့ ရဲနဲ့တပ်ဘက်က စစ်ဆေးတာ ကင်းလှည့်တာတချို့တော့ရှိတယ်။ နဂိုမြို့အဝင်အထွက်ဂိတ်တွေကတော့ ပိုပြီး တင်းတင်းကျပ်ကျပ်စစ်ဆေးလာတယ်။ သီတင်းကျွတ်ပွဲတော်ရက်ဆိုတော့ ဗုံးထပ်ပေါက်မှာ စိုးရိမ်တယ်” ဟု ထားဝယ်ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၁ တပ်ရင်း၏ လက်ရုံး Sky Ghost Drone Force (SGDF) က ထားဝယ်မြို့တွင်းစစ်ဆင်ရေးကို ဆောင်ရွက်ခဲ့ပြီး အဆိုပါ တိုက်ခိုက်မှုကို လေကြောင်းနည်းပညာကို အသုံးပြုခဲ့ကြောင်း၊ ရဲဘော် ဗျောက်အိုးက ပြည်သူများ ထိခိုက်မှုမရှိစေရန် တိုက်ခိုက်ဆောင် ရွက်နိုင်ခဲ့ကြောင်း၊ စစ်ကောင်စီက ဦးဆောင် ပြုလုပ်သည့် ပွဲလမ်း သ ဘင်တိုင်းတွင် ထားဝယ်သူ၊ ထားဝယ်သားများအနေဖြင့် သွားလာမှု လုပ်ကြရန်၊ လိုက်နာခြင်းမရှိပါက နောက်ဖြစ်လာမည့် ဆိုးကျိုးများအား SGDF က “လုံး၀လုံး၀” တာဝန်ယူမည်မဟုတ်ကြောင်း သတိပေးချက်တစ်ရပ်ကို​ အောက် တိုဘာလ ၁၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – ထားဝယ်တွင် လုံခြုံရေး သတိပြုရန်နှင့် မှတ်ပုံတင်များ ယူသွားရန် စစ်ဆေးရေးဂိတ်များတွင် စစ်ကောင်စီက ဆိုင်းဘုတ်များ စိုက်ထူထားစဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ထားဝယ်တွင် လုံခြုံရေး သတိပြုရန်နှင့် မှတ်ပုံတင်များ ယူသွားရန် စစ်ဆေးရေးဂိတ်များတွင် စစ်ကောင်စီက ဆိုင်းဘုတ်များ စိုက်ထူထားစဉ်။
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article