ရန်ကုန်၊အောက်တိုဘာ ၁၆
ဆားလင်းကြီးမြို့နယ်တွင် သံအမတ်ကြီးဦးကျော်မိုးထွန်းရုပ်ပုံပါ အင်္ကျီတီရှပ်များ ဝတ်ဆင်ပြီး သံအမတ်ကြီးကို ဆက်လက်ခန့်အပ်ရန် တောင်းဆိုသည့်လှုပ်ရှားမှု ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါ လူထုလှုပ်ရှားမှုသပိတ်စစ်ကြောင်းက ‘’Our Ambassador Myanmar’s Voice” “ငါတို့သံအမတ်ကြီးသည် ငါတို့မြန်မာပြည်ရဲ့အသံ ဖြစ်သည်‘’ စာသားကိုင်ဆောင်ပြီး ယနေ့အောက်တိုဘာလ ၁၆ ရက်နေ့တွင် ဆန္ဒထုတ်ဖော်ချီတက်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar