30 C
Yangon

မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြံ့မြို့ရှိ ခမရ ၁၀၆ တပ်ရင်းကို ဗုံးခွဲတိုက်ခိုက်

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၇

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြံ့မြို့ရှိ စစ်ကောင်စီ၏ ခမရ ၁၀၆ တပ်ရင်းကို အ၀းထိန်းမိုင်းဖြင့် ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း Dark Shadow တပ်ဖွဲ့မှ ရဲဘော်ပန်ဒါက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ အောက်တိုဘာလ ၁၆ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်အချိန် မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြံ့မြို့ရှိ ခမရ ၁၀၆ တပ်ရင်းကို အဝေးထိန်းမိုင်း အသုံးပြု၍ ဖောက်ခိုက်တိုက်ခိုက်ခဲ့ကြောင်း၊ ထိခိုက်မှုများနှင့်ပတ်သက်၍ သတင်းမရှိသေးသော်လည်း တော်လှန်ရေးရဲဘော်များ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“ထိခိုက်မှုကအတိအကျ မသိရသေးပါဘူး။ စုံစမ်းဆဲပါပဲ။ တပ်ရဲ့အနီးဆုံးနေရာထိ ၂လုံးတွဲကိုတစ်ခါတည်း ဖောက်ခွဲခဲ့ပါတယ်။ ရဲဘော်တွေ ဘေးကင်းကင်းနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်”ဟု Dark Shadow တပ်ဖွဲ့မှ ရဲဘော်ပန်ဒါက ရှင်းပြသည်။

မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြံ့မြို့မှ ပြည်သူများကလည်း ယမန်နေ့ ညနေ ၆ နာရီကျော်အချိန် ဗုံးပေါက်ကွဲသံ ကျယ်လောင်စွာ ထွက်ပေါ်ခဲ့ကြောင်း အတည်ပြု ပြောဆိုကြသည်။

Dark Shadow တပ်ဖွဲ့အနေဖြင့် ပြည်သူများကို နေ့စဉ် ဒုက္ခပေးနေသည့် စစ်ကောင်စီတပ်များကို သတိပေး တိုက်ခိက်ခဲ့ခြင်းဖြစ်ပြီး စစ်ရေး ပစ်မှတ်များကို ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့်ပတ်သက်သော နေရာများ၊ စစ်သား၊ရဲ၊ ပျူစောထီးများ၊ အရပ်ဝတ်စစ်သားများ စုဝေးရာ နေရာများသို့ သွားရောက်ခြင်းမပြုကြရန်နှင့် ဝေးဝေးမှ ရှောင်ရှားသွားလာကြရန် Dark Shadow တပ်ဖွဲ့က သတိပေးထားသည်။

ဓာတ်ပုံ – ရန်ကုန်မြို့တွင် ကင်းလှည့်နေသည့် စစ်တပ်နှင့်ပျူစောထီးများ။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ရန်ကုန်မြို့တွင် ကင်းလှည့်နေသည့် စစ်တပ်နှင့်ပျူစောထီးများ။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article