30 C
Yangon

နောင်ချိုမြို့ပေါ်သို့ သီတင်းကျွတ်လပြည့်ည စစ်ကောင်စီက လေယာဉ်များဖြင့် ဗုံးများကျဲချ၊ ပြည်သူများ ဘုရားပူဇော် ဆီမီးမထွန်းနိုင်ဘဲ ဗုံးခိုကျင်းအတွင်း ညလုံးပေါက် ပုန်းခိုရ

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၈

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်း TNLA က သိမ်းပိုက်ထားသော နောင်ချိုမြို့ပေါ်သို့ အကြမ်းဖက်စစ်ကောင်စီတပ်များက တိုက်လေယာဉ်များဖြင့် အဆက်မပြတ်ကျဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများနှင့် တော်လှန်ရေး စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူများက ယမန်နေ့ အောက်တိုဘာလ ၁၇ ရက်နေ့ ညပိုင်း သီတင်းကျွတ်လပြည့်ည ဘုရားသွား၊ ကျောင်းတက်၊ ဆီမီးပူဇော်နေကြချိန် အကြမ်းဖက်စစ်ကောင်စီ၏ တိုက်လေယာဉ်များက နောင်ချိုမြို့ပေါ်သို့ လေယာဉ်ဖြင့် ဗုံးများ အဆက်မပြတ်ကျဲချခဲ့ကြောင်း၊ ယမန်နေ့ညပိုင်း အဆက်မပြတ် ဗုံးများကျဲချမှုကြောင့် နောင်ချိုမြို့ပေါ်ရှိ ပြည်သူများမှာ သီတင်းကျွတ်ညကို ဗုံးခိုကျင်းများတွင် ပုန်းခိုအချိန်ကုန်ဆုံးခဲ့ရကြောင်း ဒေသပြည်သူများက ဆိုကြသည်။

“နေ့လယ်က Y12 လေယာဉ်တွေနဲ့ ကင်းထောက်လေယာဉ်တွေ တစ်ချိန်လုံးဝဲနေရာကနေ ညကျတော့ လေယာဉ်တွေနဲ့ ဗုံးတွေ ကျဲတော့တာပဲ။ သီတင်းကျွတ်လပြည့်ညကတော့ ဗုံးခိုကျင်းထဲမှာပဲ ကုန်ဆုံးပါတယ်။ မနေ့ည ၉ နာရီ ၅၀ လောက်ကနေ ည ၁၂ လောက်အထိ လေယာဉ်တွေ ဝဲပြီး ဗုံးတွေကျဲချသွားတာ” ဟု နောင်ချိုမြို့မှ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက အောက်တိုဘာလ ၁၇ ရက်နေ့ ည ၉ နာရီ ၄၈ မိနစ်တွင် နောင်ချိုမြို့အဝင်ရှိ စစ်ဆေးရေးဂိတ်ကို လေယာဉ်ဖြင့် ဗုံးကျဲခဲ့ကြောင်း၊ ယင်းနောက် ည ၁၀ နာရီ ၈ မိနစ်အချိန် နောင်ချိုမြို့ပေါ် ထွေ/အုပ်ရုံးသို့လည်းကောင်း လေယာဉ်ဖြင့် ဗုံးများကျဲချခဲ့ကြောင်း၊ တတိယအကြိမ်အဖြစ် နောင်ချိုမြို့ စာရင်းရုံးကို ယမန်နေ့ ည ၁၀ နာရီ ၉ မိနစ်အချိန်တွင်လည်းကောင်း၊ ယမန်နေ့ည ၁၁ နာရီ ၃၂ မိနစ်အချိန် နောင်ချိုမြို့မရဲစခန်းကိုလည်းကောင်း လေယာဉ်ဖြင့် ဗုံးများကျဲချခဲ့ကြောင်း သိရှိရသည်။

“အထိအခိုက်အပျက်အစီးကတော့ များနိုင်တယ်။ သီတင်းကျွတ်ညဆိုတော့ သွားသွားလာလာရှိနေတဲ့အချိန် ဗုံးတွေကျဲချတာ” ဟု နောင်ချိုမြို့မှ ပြည်သူက ဆက်လက်ပြောဆိုသည်။

နောင်ချိုမြို့ကို ဗုံးကျဲသော စစ်ကောင်စီ၏ လေယာဉ်များမှာ တံတားဦးလေတပ်နှင့် ရှမ်းတဲလေတပ်မှ လေယာဉ်များဖြစ်ကြောင်း လေ ကြောင်း ကင်းထောက် NAS က ရေးသားဖော်ပြထားသည်။

ဓာတ်ပုံ – နောင်ချိုမြို့ကို ယမန်နေ့ ညပိုင်း စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲမှု ဖြစ်ပေါ်နေသော အပျက်အစီးများ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article