30 C
Yangon

ရေဦးမြို့ရှိ စစ်တပ် ဂိတ်စခန်း ၃ ခုကို တပြိုင်တည်း ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိ

Must read

ရေဦးမြို့ရှိ စစ်တပ် ဂိတ်စခန်း ၃ ခုကို တပြိုင်တည်း ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိ

ရန်ကုန်၊ အောက်တိုဘာ ၂၁

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ရှိ အကြမ်းဖက် စစ်တပ် ဂိတ်စခန်း ၃ ခုကို တပြိုင်တည်း ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိကြောင်း Dragon Urban Guerrilla အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂၀ ရက်နေ့တွင် ရေဦးမြို့ရှိ အကြမ်းဖက် စစ်တပ်၏ ရွှေကျီးမင်း ဂိတ်စခန်း၊ ဂါဝီဂိတ်စခန်းနှင့် ကြာဖူးဝိုင်း ဂိတ်စခန်း တို့ကို တော်လှန်ရေး တပ်ဖွဲ့မျာက ဒရုန်း ၁၁ စီးဖြင့် တပြိုင်တည်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုသည် မြို့ပေါ်တွင်ရှိနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို စတင်ခြိမ်းခြောက် တိုက်ခိုက်မှု တစ်ခုဖြစ်ပြီး စစ်တပ်ဘက်မှ ထိခိုက်မှုရှိသော်လည်း အရေအတွက်ကိုအတည်မပြုနိုင်သေးကြောင်း Dragon Urban Guerrilla အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။

“စစ်ခွေးတွေ ထိခိုက်မှုရှိပေမယ့် အရေအတွက်ကိုတော့ အတည်မပြုနိုင်သေးပါဘူး။ ကျွန်တော်တို့ ဆက်လက် စုံစမ်းနေပါတယ်” ဟု Dragon Urban Guerrilla အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင် ပကဖ ဒရုန်းတပ်ဖွဲ့များဖြစ်ကြ‌သော Ye-U Freedom Comrades-YFC၊ ဝံပုလွေ(ရေဦး)၊ မဟူရာကျွဲရိုင်း (ရေဦး ပကဖ)၊ Drop for Justic (DFJ)၊ ညီနောင်တပ်ဖွဲ့ (ရေဦး)၊ နဂါးညီနောင် (ရွှေဘို) ၊ ရွှေဘိုခရိုင်တပ်ရင်း(၁၄)၊ Fire Dragon (Khin U) နှင့် DUGF အဖွဲ့ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကလည်း လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article