30 C
Yangon

MNDAA ၏နယ်မြေများကို စစ်ကောင်စီက လေယာဉ်များဖြင့် ဗုံးကျဲမှုကြောင့် ၃ လကျော်အတွင်း ပြည်သူ ထိခိုက်သေဆုံးမှု ၁၀၀ ကျော်ပြီ၊ ယနေ့ နံနက်ပိုင်း လားရှိုးမြို့ကိုလေကြောင်းတိုက်ခိုက်မှု အရပ်သား ၃ ဦးထိခိုက်ပြီး နေအိမ် ပျက်စီးမှုများပြား

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၂

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ​MNDAA က သိမ်းပိုက်ထားသော နယ်မြေများကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးများ ကျဲချတိုက်ခိုက်လျက်ရှိရာ ၃ လကျော်အတွင်း အရပ်သားပြည်သူ ထိခိုက်သေဆုံးမှု ၁၀၀ ကျော်ပြီဖြစ်ကြောင်း MNDAA က ပြောဆိုထုတ်ပြန်သည်။

ယနေ့ အကြမ်းဖက်စစ်ကောင်စီက ကိုးကန့်အထူးဒေသ ၁ လောက်ကိုင်မြို့ ၊ သိန္နီခရိုင်နှင့် လားရှိုးမြို့ စသည့် ဒေသများသို့ ပစ်မှတ်ထားဗုံးကျဲတိုက်ခိုက်မှုများ လုပ်ဆောင်လာသည်မှာ ၃ လကျော်ပြီဖြစ်ကြောင်း၊ ယင်းကာလအတွင်း အရပ်သားထိခိုက်ဒဏ်ရာရရှိသူနှင့်သေဆုံးသူ အရေအတွက်မှာ ၁၀၀ ကျော်ရှိပြီဖြစ်ကြောင်း ၊ ကိုးကန့် အထူးဒေသ ၁ ၏မြို့တော် လောက်ကိုင်မြို့နှင့် ကိုးကန့်ခရိုင် နမ့်ဟူးမြို့နယ်တွင် အောက်တိုဘာ ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် ဗုံးကျဲတိုက်ခိုက်ခံခဲ့ရကြောင်း MNDAA က ပြောဆိုသည်။

ယနေ့ အောက်တိုဘာ ၂၂ ရက်နေ့ နံနက် ၀၀ နာရီ ၁၈ မိနစ်အချိန် လားရှိုးမြို့၊ လူနေရပ်ကွက် ၁၂ ကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံး ၂ လုံး ကျဲချခဲ့ရာ အဆိုပါ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုအတွင်း အရပ်သား ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများကို ဆေးဝါးကုသပေး နေကြောင်း သိရှိရသည်။

ယနေ့ နံနက်အစောပိုင်း လေကြောင်းတိုက်ခိုက်မှုကြောင့် လူနေအိမ်အများအပြားလည်း ပြင်းထန်စွာ ပျက်စီးခဲ့ပြီး ပြိုကျပျက်စီးနေသော နံရံအပျက်အစီးများကို နေရာတိုင်းတွင် တွေ့မြင်ရ၏ကြောင်း၊ ဗုံးကျဲသည့်နေရာနှင့် အနည်းငယ်ကွာဝေးသော နေရာများမှ အခြားလူနေအဆောက်အအုံများလည်း ထိခိုက်ပျက်စီးမှု အမျိုးမျိုးဖြစ်ပေါ်စေခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article