31 C
Yangon

ပေါင်းတည်တွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်၊ ထန်တလန်တွင် တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲ

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၄

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်တွင် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ၃၆၀၁ PPDFတပ်ရင်းမှ စစ်ထောက်လှမ်းရေးနှင့်သတင်းပြန်ကြားတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂၂ ရက်နေ့ ည ၉ နာရီခွဲအချိန် ပဲခူးတိုင်း ပြည်ခရိုင် ပေါင်းတည်မြို့တွင် စစ်အင်အား ၅၀ ဦးခန့်ဖြင့် စစ်ကြောင်းထိုးလာသောအကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDFတပ်ရင်း တပ်ခွဲ ၁ ၊တပ်ခွဲ ၅ တို့က မိုင်းဆွဲတိုက်ခိုက်ရာ အနည်းဆုံး စစ်သား ၅ ဦးခန့်ထိခိုက်ဒဏ်ရာရရှိပြီး စစ်တပ်ဘက်မှ သေဆုံးခြင်းရှိ၊ မရှိကိုအတည်ပြုနိုင်ရန်ဆက်လက်စုံစမ်းထောက်လှမ်းနေဆဲဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးလက်နက်ငယ်များဖြင့် ပြန်လည် ရမ်းသမ်းပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များမှာအထိအခိုက်အန္တရာယ်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အလားတူ ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် ချင်းတော်လှန်ရေးတပ်များနှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲပြင်းထန်နေကြောင်း၊ စစ်ကောင်စီတပ်များက လေယာဉ်ဖြင့် ဗုံးကျဲမှုများ ဆက်တိုက် လုပ်ဆောင်နေကြောင်း သိရှိရသည်။

အောက်တို ဘာ ၂၂ ရက်နေ့ နံနက် ၃ နာရီအချိန်မှစတင်ပြီး ထန်တလန်မြို့ ရဲစခန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို ချင်းပြည်အစိုးရ တော်လှန်ရေးပူးပေါင်းတပ်များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီတပ်က စစ်လေယာဉ်များဖြင့် တောက်လျှောက်ဆိုသလို ဗုံးကျဲတိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း ဒေသတော်လှန်ရေးသတင်းရင်းမြစ်များက ပြောဆိုသည်။

“ထန်တလန်မြို့ပေါ်က စစ်တပ်စခန်းကို ဝင်တိုက်တာပါ။ စစ်တပ်က လေကြောင်းပစ်ကူနဲ့ ခုခံနေတယ်။ တိုက်ပွဲက ပြင်းထန်ပြီးတော့ ဆက်တိုက်ဖြစ်နေဆဲပဲ” ဟု ဒေသတော်လှန်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။

ထန်တလန်မြို့ပေါ်တွင် စစ်ကောင်စီတပ်များက NLD ပါတီရုံးနှင့်ရဲစခန်းတွင် ခံစစ်ပြင်ဆင်ထားကြောင်း လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်ခုခံနေကြောင်း၊စစ်ကောင်စီ၏ စစ်ကူ လေကြောင်းတိုက် ခိုက်မှုများလည်း ဆက်တိုက်ရှိနေကြောင်း သိရှိရသည်။

ဓာတ်ပုံ – ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင်တချို့။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင်တချို့။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article