27 C
Yangon

စစ်ကောင်စီလက်အောက်ခံ ဇခုန်တိန့်ယိန်း ဦးဆောင်သော ကချင် အထူး ဒေသ ၁ မှ ပြည်သူစစ် ၄၀ ကျော် လက်နက်ခဲယမ်းများနှင့်တကွ KIA ထံသို့ လက်နက်ချ အလင်းဝင်

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၅

အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ဇခုန်တိန့်ယိန်း ဦးဆောင်သော ကချင် အထူး ဒေသ ၁ မှ ပြည်သူစစ် ၄၀ ကျော် လက်နက်ခဲယမ်းများနှင့်တကွ KIA ထံသို့ အလင်းဝင်ရောက်လာကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂၃ ရက်နေ့ ဇခုန်တိန့်ယိန်း ဦးဆောင်သော ကချင် အထူး ဒေသ ၁ လက် အောက် ခံ တမူခုန်း(Tamu Hkung)ရွာမှ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၄၀ ဦးကျော်သည် လက်နက်ခဲယမ်းအပြည့်အစုံနှင့်အတူ KIA ထံသို့ လက်နက်ချ အလင်းဝင်လာကြောင်း၊ အလင်းဝင်လာသူများကို KIA က နွေးထွေးစွာ လက်ခံကြိုဆိုထားကြောင်း သိရှိရသည်။

” လက်နက်ချ အလင်းဝင်လာတာက ပြည်သူ့စစ် ၄၀ ကျော်ပါတယ်။ လက်နက်ခဲယမ်းတော့ စာရင်းမရပါဘူး” ဟု KIA သတင်းရင်းမြစ်က ရှင်းပြသည်။

အောက်တိုဘာလ ၁၈ ရက်နေ့ ပန်ဝါမြို့ကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက စစ်တပ်လက်အောက်ခံ ဇခုန်တိန့်ယိန်း ဦးဆောင်သော ကချင် အထူး ဒေသ ၁ နယ်ခြားစောင့်တပ်များထံမှ သိမ်းပိုက်ရရှိခဲ့ပြီး ပန်ဝါမြို့မှ လက်နက်ကြီး၊ လက်နက်ငယ် ၅၀၀ ကျော်၊ မရေတွက်နိုင်သော ခဲယမ်းများကိုလည်း သိမ်းပိုက်ရရှိခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ – လက်နက်ချ အလင်းဝင်သော ပြည်သူ့စစ်တချို့။ Photo Credit- 7Stars News ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

လက်နက်ချ အလင်းဝင်သော ပြည်သူ့စစ်တချို့။ Photo Credit- 7Stars News ။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article