27 C
Yangon

သဲကုန်းတွင် တော်လှန်ရေး တပ်ဖွဲ့များ၏ အချက်အလက်များကို လိုက်လံ စုံစမ်းနေသော ပျူစောထီး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၅

ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်တွင် တော်လှန်ရေး တပ်ဖွဲ့များ၏ အချက်အလက်များကို လိုက်လံ စုံစမ်းနေသော ပျူစောထီး ၁ ဦးကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း သဲကုန်းမြို့နယ် ပကဖအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂၄ ရက်နေ့ ည ၁၁ နာရီ ၄၀ မိနစ်ခန့်တွင် သဲကုန်းမြို့နယ်၊ နွယ်ကောက်ရွာမှ ပျူစောထီးအဖွဲ့ဝင် ဇော်မင်း ဆိုသူကို သဲကုန်းမြို့နယ် ပကဖ ရဲဘော်များက နွယ်‌ကောက်ရွာ အရှေ့ဘက်ချောင်းကူး တံတားအနီး၌ ပစ်ခတ်တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော ဇော်မင်း ဆိုသူသည် တပ်မ ၆၆ (အင်းမ) တွင် ပြုလုပ်ခဲ့သော ပျူစောထီးသင်တန်းကို တက်ရောက်ထားသူ ဖြစ်ပြီး သင်တန်းဆင်းပြီးနောက်တွင် စစ်သားနှင့် ရဲများကို ဒေသ ပြည်သူများ၏ သတင်းအချက်အလက်များ၊ တော်လှန်ရေးနှင့် ပတ်သက်သူများ၏ သတင်းများကို အမြဲမပြတ် ပေးပို့နေသူ တစ်ဦးဖြစ်ကြောင်း သိရှိရသည်။

“ဇော်မင်းက မတရား စစ်မှုထမ်း စုဆောင်းရေးမှာလည် တက်ကြွစွာ ပူးပေါင်းနေသူ ဖြစ်ပါတယ်။ အဲတာကြောင့် ကျွန်တော်တို့ အနေနဲ့ မဖြစ်မနေ ပစ်ခတ် တိုက်ခိုက်ခဲ့ရခြင်းဖြစ်တယ်။ ပျူစောထီး ဇော်မင်းနဲ့ အတူပါလာတဲ့ အဖော်ဖြစ်သူကိုတော့ မြေပေါ်မှာ မှောက်ခိုင်းထားပြီး ပြန်လွှတ်ပေးခဲ့ပါတယ်” ဟု သဲကုန်းမြို့နယ် ပကဖအဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

သဲကုန်းမြို့နယ် ပကဖ အ‌နေဖြင့် ပြည်သူများကို ဒုက္ခပေးနေသော စစ်သား၊ ရဲ ၊ ပျူစောထီးနှင့် အုပ်ချုပ်ရေးမှူးများကို အမြဲစောင့်ကြည့်နေမည်ဖြစ်ပြီး အုပ်ချုပ်ရေးမှူးများနှင့် ပျူစောထီးများအနေဖြင့် မတရားစစ်မှုထမ်းစုဆောင်းခြင်း၊ ငွေကောက်ခံခြင်းတို့ကို လုံးဝ (လုံးဝ) မလုပ်ကြပါရန် သတိပေးလိုကြောင်း သဲကုန်းမြို့နယ် ပကဖအဖွဲ့က သတိပေးသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article