33 C
Yangon

လားရှိုးမြို့နယ်၊ မယ်ဟန်ကျေးရွာသို့ စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံး ၄ ကြိမ်ကျဲချ

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၅

ရှမ်းပြည်နယ်မြောက်ပိုင်း၊ MNDAA က သိမ်းပိုက်ထားသော လားရှိုးမြို့နယ်၊ မယ်ဟန်ကျေးရွာသို့ စစ်ကောင်စီ၏ လေယာဉ်များက ယနေ့ မွန်းလွဲပိုင်းတွင် ဗုံး ၄ ကြိမ်ကျဲချကြောင်း လားရှိုးမြို့မှ ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၃ မိနစ်အချိန်တွင် ပထမအကြိမ်အဖြစ်လည်းကောင်း၊ မွန်းလွဲ ၁ နာရီ ၁၇ မိနစ်အချိန်တွင် ဒုတိယအကြိမ်အဖြစ်လည်းကောင်း၊ မွန်းလွဲ ၁ နာရီ ၂၂ မိနစ်အချိန်တွင် တတိယအကြိမ်အဖြစ်လည်းကောင်း၊ မွန်းလွဲ ၁ နာရီ ၂၇ မိနစ်အချိန်တွင် စတုတ္တအကြိမ်အဖြစ်လည်းကောင်း စုစုပေါင်း ၄ ကြိမ် ဗုံး ၄ လုံး လားရှိုးမြို့၊ မယ်ဟန်ဘက်သို့ ကျဲချသွားကြောင်း သိရှိရသည်။

“အထိအခိုက်ကတော့ မသိရသေးပါဘူး” ဟု လားရှိုးဒေသသတင်းရင်းမြစ်က ဆိုသည်။ လက်ရှိတွ်ငလည်း စစ်ကောင်စီ၏ လေယာဉ်များ ဆက်လက် ပျံဝဲလျက်ရှိနေကြောင်း သိရှိရသည်။

အောက်တိုဘာလ ၂၃ ရက်နေ့ကလည်း စစ်ကောင်စီ၏ စစ်လေယာဉ်များက လားရှိုးမြို့ကို ၃ ကြိမ်တိုင် ဗုံးကျဲခဲ့ပြီး ရိုးရာဆန်အရက်ချက်စက်ရုံ၊ ရပ်ကွက် ၁၂ နှင့် အမှတ် ၁ ရဲစခန်းတို့ကို ဗုံးများကျဲချခဲ့ခြင်းဖြစ်ကြောင်း၊ လူထိခိုသေဆုံးမှုများရှိခဲ့ကြောင်း သိရှိရသည်။

ယခုနှစ် ဩဂုတ်လ ၃၀ ရက်နေ့မှ စတင်ပြီး လားရှိုးမြို့ ကို စစ်ကောင်စီ‌၏ လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ ၂၀ ကျော်လာပြီဖြစ်ကြောင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ​MNDAA က သိမ်းပိုက်ထားသော နယ်မြေများကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးများ ကျဲချတိုက်ခိုက်လျက်ရှိရာ ၃ လကျော် အတွင်း အရပ်သားပြည်သူ ထိခိုက်သေဆုံးမှု ၁၀၀ ကျော်ပြီဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ – အောက်တိုဘာလ ၂၃ ရက်နေ့ လားရှိုးမြို့ အမှတ် ၁ ရဲစခန်းကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးများကျဲချမှုကြောင့် ထိခိုက်သူများကို ဆေးရုံတင်ပို့နေစဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

အောက်တိုဘာလ ၂၃ ရက်နေ့ လားရှိုးမြို့ အမှတ် ၁ ရဲစခန်းကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးများကျဲချမှုကြောင့် ထိခိုက်သူများကို ဆေးရုံတင်ပို့နေစဉ်။
Previous article
Next article
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article