27 C
Yangon

ဘုတလင်မြို့နယ်၊ စိုင်ပြင်လေးရွာတွင် စစ်တပ်က မသန်စွမ်း ပြည်သူ ၁ ဦးကို သတ်ဖြတ်ကာ နေအိမ်နှင့် အဆောက်အအုံ ၄၀ ကျော်ကို မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၅

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် စိုင်ပြင်လေးကျေးရွာတွင် အကြမ်းဖက်စစ်တပ်သည် မသန်စွမ်းအမျိုးသား ၁ ဦးကို သတ်ဖြတ်ကာ ပြည်သူ့နေအိမ်နှင့်အဆောက်အအုံ ၄၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ပြောကြားသည်။

အကြမ်းဖက်စစ်တပ်သည် စိုင်ပြင်လေးကျေးရွာတွင် အောက်တိုဘာလ ၁၉ ရက်နေ့၊ နေ့လယ်ပိုင်းမှ အောက်တိုဘာလ ၂၃ ရက်နေ့အထိ တပ်စွဲနေထိုင်ခဲ့ပြီး ပြည်သူ ၁ ဦးကိုသတ်ဖြတ်ခြင်း၊ နေအိမ်များကို မီးရှို့မှုများ ကျူးလွန်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရှိရသည်။

သတ်ဖြတ်ခံရသူသည် ခြေထောက်တစ်ဖက် မသန်စွမ်းသူ ဖြစ်ပြီး အကြမ်းဖက်စစ်သားများ ထွက်ခွာသွားပြီဟုထင်၍ အိမ်သို့ ပြန်ဝင်ချိန်တွင် သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်၏ မီးရှို့ဖျက်စီးမှုကြောင့် စိုင်ပြင်လေးကျေးရွာတွင် နေအိမ် ၃၁ လုံး၊နွားတဲ ၈ လုံးနှင့် စပါးကျီ ၃ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article