31 C
Yangon

စစ်အုပ်စုထံသို့ လေယာဉ််နှင့် လေကြောင်းသုံး စစ်လက်နက်ပစ္စည်းများ စီးဆင်းနေမှု ရပ်တန့်ရေး Airbus to Airstrikes လှုပ်ရှားမှု စတင်

Must read

စစ်အုပ်စုထံသို့ လေယာဉ််နှင့် လေကြောင်းသုံး စစ်လက်နက်ပစ္စည်းများ စီးဆင်းနေမှု ရပ်တန့်ရေး Airbus to Airstrikes လှုပ်ရှားမှု စတင်

ရန်ကုန်၊ အောက်တိုဘာ ၂၆

မြန်မာပြည်သူများအပေါ် နေ့စဉ် ခြိမ်းခြောက်သတ်ဖြတ်နေသည့် လေကြောင်းတိုက်ခိုက်မှုများ ရပ်တန့်နိုင်ရန်အတွက် စစ်အုပ်စုထံသို့ လေယာဉ်နှင့် လေကြောင်းသုံး စစ် လက်နက်ပစ္စည်း၊ နည်းပညာ ထောက်ပံ့ပေးနေသည့် တရုတ်နိုင်ငံပိုင် AVIC ၏ အရေးကြီးဆုံး ရှယ်ယာရှင် ဥရောပ လေကြောင်းကုမ္ပဏီ Airbus ကို ဖိအားပေးတောင်းဆိုမည့် လှုပ်ရှားမှုကို ယမန်နေ့မှ စတင်ကြောင်း သွေးစွန်းငွေ ဖြတ်တောက်ရေးလှုပ်ရှားမှု Blood Money က တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ထံသို့ ပြောဆိုသည်။

ယမန်နေ့အောက်တိုဘာလ ၂၅ ရက်နေ့မှ အောက်တိုဘာလ ၃၁ ရက်နေ့ အထိ လုပ်ဆောင်မည့် အဆိုပါ လှုပ်ရှားမှုကို ပြည်သူအများ ပါဝင်နိုင်သည့် ဖေ့ဘွတ်ကွန်းမန့်ကမ်ပိန်း၊ ကိုယ်တိုင်စာပို့နိုင်သည့် letter sending နှင့် ဓာတ်ပုံကမ်ပိန်းများဖြင့် ပြုလုပ်သွားမည်ဖြစ်ပြီး Twitter Trending လည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

Airbus ကုမ္ပဏီသည် ပြင်သစ်၊ ဂျာမနီ၊ စပိန် နိုင်ငံများ၏ အစိုးရရှယ်ယာများ ပါဝင်သော ဥရောပ လေကြောင်းကုမ္ပဏီကြီးဖြစ်ပြီး ၎င်း Airbus သည် တရုတ်နိုင်ငံပိုင် AVIC ကုမ္ပဏီိနှင့်လည်း ငွေကြေးအရရော နည်းပညာအရပါ အပြန်အလှန် မှီခိုနေသည့် ကုမ္ပဏီဖြစ်သည်။

“Airbus က ပြင်သစ်၊ ဂျာမနီ၊ စပိန် အစိုးရတွေရဲ့ ရှယ်ယာပါနေတဲ့ ဥရောပ အကြီးဆုံး လေကြောင်းကုမ္ပဏီပါ။ ဒီအစိုးရတွေကလည်း မြန်မာစစ်အုပ်စုကို ရှုံ့ချ ကန့်ကွက်ထားတာတွေ ရှိပါတယ်။ ဒါကြောင့် Airbus ကနေတဆင့် တရုတ်နိုင်ငံပိုင် AVIC အနေနဲ့ စစ်အုပ်စုကို အထောက်အပံ့ ပြုနေတာတွေ ရပ်တန့်ဖို့ ဖိအားပေးတောင်းဆိုသွားမှာပါ” ဟု သွေးစွန်းငွေ ဖြတ်တောက်ရေးလှုပ်ရှားမှု Blood Money က တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်ထံသို့ ပြောဆိုသည်။

Airbus ၏ စီးပွါးမိတ်ဖက် AVIC သည် လက်ရှိ စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများတွင် အသုံးပြုနေသည့် FTC – 2000 G တိုက်လေယာဉ်အပါအဝင် K-8, Y-12, JF-17 စတဲ့ ဗုံးကြဲလေယာဉ်တွေကိုပါ ရောင်းချပေးနေသည့်အပြင် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ပြီးတိုင်း ပြန်လည်ပြုပြင်သည့် နည်းပညာနှင့် ဝန်ဆောင်မှုများကိုလည်း ပံ့ပိုးပေးလျက်ရှိကြောင်း သိရှိရသည်။

ထို့ကြောင့် မြန်မာပြည်သူများအပေါ် ကိုယ်တိုင် လေယာဉ်မောင်း မတိုက်ခိုက်ရုံကလွဲပြီး အားလုံးမှပါဝင်ပတ်သက်နေသည့် AVIC ကုမ္ပဏီကို ၎င်း၏ ရှယ်ယာရှင် Airbus မှတဆင့် ဖိအားပေးမည့် Airbus to Airstrikes လှုပ်ရှားမှုတွင် ပြည်သူများ ပါဝင်ကြရန် တိုက်တွန်းထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article