31 C
Yangon

ချောက်မြို့နယ်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်မှ ထိခိုက်မှုများ၍ လေကြောင်း၊ သံချပ်ကားများပါ အသုံးပြု၍ စစ်ကြောင်းထိုး မီးရှို့နေ၊ ကျေးရွာ ၃၀ ကျော်မှ သောင်းနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရ

Must read

ချောက်မြို့နယ်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်မှ ထိခိုက်မှုများ၍ လေကြောင်း၊ သံချပ်ကားများပါ အသုံးပြု၍ စစ်ကြောင်းထိုး မီးရှို့နေ၊ ကျေးရွာ ၃၀ ကျော်မှ သောင်းနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရ

ရန်ကုန်၊ အောက်တိုဘာ ၂၇

မကွေးတိုင်း၊ ချောက်မြို့နယ်တွင် တိုက်ပွဲပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်မှုများ၍ လေကြောင်း၊ သံချပ်ကားများပါ အသုံးပြု၍ စစ်ကြောင်းထိုးမီးရှို့နေပြီး ကျေးရွာ ၃၀ ကျော်မှ သောင်းနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂၅ ရက်နေ့မှစ၍ ချောက်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားခဲ့ကြောင်း၊ ယင်း တိုက်ခိုက်ပွဲဖြစ်ပွားပြီးနောက် အောက်တိုဘာလ ၂၆ ရက်နေ့တွင် စစ်တပ်က လေကြောင်းနှင့် သံချပ်ကားများပါ အသုံးပြုပြီး အင်အား ၆၀၀ ကျော်ဖြင့် ကျေးရွာများကို ဝင်ရောက် စီးနင်းနေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းတွင် ချောက်မြို့နယ်၊ ခလရ ၁၃ နှင့် မကွေးလေတပ်မှ စစ်သားများ ပါဝင်ပြီး ကံကြီး ကုန်းရွာမှ ပျူစောထီးများလည်း လမ်းပြအဖြစ် ပါဝင်လာကြောင်း၊ ယင်းစစ်ကြောင်းသည် ယနေ့ အောက်တိုဘာလ ၂၇ ရက်နေ့တွင် နရွဲတောကျေးရွာကို မီးရှို့ဖျက်ဆီးနေပြီး အနီးအနားကျေးရွာများမှ ပြည်သူပိုင် နေအိမ်များကိုလည်း ဝင်ရောက် မွှေနှောက်၍ တန်ဖိုးကြီးပစ္စည်းများကို ဖောက်ထွင်းခိုးယူနေသောကြောင့် ကျေးရွာ ၃၀ ကျော်မှ သောင်းနှင့် ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရကြောင်း သိရှိရသည်။

“စစ်ခွေးတွေ စစ်ကြောင်းထိုးတဲ့အချိန်မှာ PDF တွေနဲ့ တိုက်ပွဲဖြစ်တာ မနိုင်တော့ မကွေးလေတပ်ကနေ‌ခေါ်ပြီး လေယာဉ်တွေနဲ့ ဗုံးကျဲတယ်။ ဗုံးကျဲတော့ရွာမှာ လေးငါးခြောက်အိမ်လောက်ထိတယ်။ ပြီးတော့ လေယာဉ်ပြန်သွားတဲ့အချိန်မှာ သူတို့ဘက်က အကျအဆုံးများတယ်ဆိုပြီးတော့ ၂၆ ရက်နေ့မှာ သံချပ်ကာ ကားတွေနဲ့လာတယ်။ ဖြစ်တာက ၂၅ ရက်နေ့ဖြစ်တာ၊ ဖြစ်တဲ့နေ့မှာပဲ သူတို့လေယာဉ် ပစ်ကူခေါ်တယ်။ သူတို့ရှုံးတော့ ၂၅ ရက်နေ့မှာ တင့်ကားတွေနဲ့လာပြီးတော့ မွှေတယ်။ ဒီနေ့ဆိုရင် နရွဲတောရွာကို သူတို့မီးရှို့ဖျက်ဆီးလိုက်ပြီ အခုနရွဲတောရွာတင်မကဘူး။ ပတ်ပတ်လည်ကကျေးရွာ ပေါင်း ၃၀ လောက်က ဗိုက်ကြီးသည် တွေရော၊ လူကြီးတွေရော၊ ကလေးတွေရော အကုန်လုံးထွက်ပြေး နေရတာ ထွက်ပြေး နေရတာကို လိုက်ပစ်နေတာ။ တောတွေထဲ တောင်တွေထဲ ထွက်ပြေးနေရတာ။ နရွဲတောနဲ့ပတ်ပတ် လည်ရွာတွေကို အကုန်လုံး စစ်ကြောင်းထိုးလိုက်မွှေပြီး တန်ဖိုးရှိ ပစ္စည်းတွေယူပြီးရင် မီးရှို့တယ်။ စစ်ဘေး ရှောင်တွေတောင် သေနတ် တွေနဲ့လိုက်ပစ်နေတာ။ ပြေးနေရတဲ့သူတွေက မွေးခါနီး ဖွားခါနီးအမျိုး သမီးတွေလည်းပါတယ်။ ပြီးတော့ လုံးဝလမ်းမလျှောက်နိုင်တဲ့ အဖွားကြီးတွေလည်းပါတယ်။ အဲလိုတွေ ပါရှောင်နေရတာ နရွဲတောဆိုရင် မီးထဲမှာ လူတွေပါသွားလား၊ မပါသွားလား အတည်ပြုလို့မရ သေးဘူး။ ဒီနေ့မနက်ရှို့ နေတာဆိုတော့ ပြည်သူတွေအနေနဲ့လည်း ဝင်ကြည့်လို့မရဘူး” ဟု ဒေသ နေပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article