Khit Thit သတင်းဌာန၏ အောက်တိုဘာ ၂၈ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ အောက်တိုဘာ ၂၈ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော် AA က ပိတ်ဆို့တိုက်ခိုက်နေတဲ့ အမ်းမြို့နယ်မှာရှိတဲ့ စစ်ကောင်စီ တပ်ဘက်က ဗိုလ်မှူး နိုင်ဇော်အောင် ဆိုသူဟာ အစာငတ်ပြတ်ပြီး သေသွားပြီလို့ နေပြည်တော် စစ်တပ် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
-အကြမ်းဖက် စစ်ကောင်စီက ရန်ကုန်တိုင်းအတွင်းမှာ လာမယ့် စစ်မှုထမ်း အပတ်စဉ် ၇ အတွက် တပ်သားသစ်တွေ ကြိုတင်စုဆောင်းဖို့ ညွန်ကြားနေပြန်ပြီး ၊ လက်ရှိ စစ်မှုထမ်းအပတ်စဉ် ၆ မှာတော့ ပြည်နယ်/တိုင်းတချို့ မှာလူမပြည့်လို့ဆိုပြီးတော့ သင်တန်းဖွင့်လှစ်ရက်ကို နောက်ဆုတ်ခဲ့ရတယ် လို့လည်း ရန်ကုန်ခေတ်သစ်ရဲ့ စစ်တပ် သတင်းရင်းမြစ်က ပြောပါတယ်။
အကြမ်းဖက် စစ်ကောင်စီက ပြည်တွင်းမှာ ရွှေအရောင်းအဝယ်ကို အရေးကြီး ဝန်ဆောင်မှုအဖြစ် သတ်မှတ်ပြီး ရွှေစျေးနှုန်းကို သူတို့ကပဲ ထုတ်ပြန်မယ်လို့ ကြေညာမှုကြောင့် ပြည်တွင်းရွှေစျေးကွက်တွေ ရပ်ဆိုင်းနေပြီး အရောင်းအဝယ်တွေလည်း ရပ်တန့်နေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။