28 C
Yangon

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၂၉ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ အောက်တိုဘာ ၂၉ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ရခိုင်ပြည်နယ် အမ်းမြို့နယ်က အကြမ်းဖက် စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကြီးနဲ့ နေပြည်တော် စစ်ရုံးတို့ကြားမှာ အဆက်အသွယ် ပြတ်တောက်နေပြီး ၊ တိုင်းမှူး ဗိုလ်ချုပ်ကျော်စွာဦး ဆိုသူဟာလည်း အမ်းမြို့မှာ မရှိတော့ပဲ စစ်တွေမှာသာ ရှိနေတယ်လို့ နေပြည်တော် စစ်တပ် သတင်းရင်းမြစ်က ပြောထားတဲ့အပြင် ၊ CMD ဗိုလ်ကြီး ဇင်ယော်ကလည်း ပြောထားပါတယ်။
  • မကွေးတိုင်း၊ အောင်လံမြို့နယ်က ကျေးရွာတွေကို ဝင်ရောက်ဖျက်ဆီးခဲ့တဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခြေမှုန်းမှုအတွင်း စစ်ကောင်စီတပ်သား ၇ ဦးထက် မနည်းကတော့ အသီးသီး သေကုန်ကြပြီလို့ အောင်လံမြို့နယ် ပကဖ တာဝန်ခံက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • မန္တလေးတိုင်း၊ ငါန်းဇွန်းမြို့နယ်မှာရှိတဲ့ ငါန်းမြှာကြီးရွာက အကြမ်းဖက် စစ်ကောင်စီ တပ်သားတွေ ရွာပြင်ကို ထွက်လာတဲ့အချိန် တော်လှန်ရေးတပ်တွေက စနိုင်ပါတဲ့ ပစ်ခတ်တိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်သား ၂ ဦးကတော့ စနိုင်ပါမိပြီး ပွဲချင်းပြီးသေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရ သတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article