26 C
Yangon

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၂၉ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ အောက်တိုဘာ ၂၉ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • မန္တလေး PDF တပ်ဖွဲ့ရဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သုံ့ပန်းထားရှိရာ အချုပ်ဆောင်ကို အကြမ်းဖက် စစ်ကောင်စီတပ်က လေယာဉ်နဲ့လာပြီး ဗုံးကျဲတိုက်ခိုက်မှုကြောင့် စစ်သုံ့ပန်း ၈ ဦးအပါအဝင် ၁၂ ဦး သေဆုံးသွားတဲ့အပြင် ၊ နောက်ထပ် အယောက် ၆၀ ဝန်းကျင်က ဒဏ်ရာတွေ ရထားတယ်လို့ မန္တလေး PDF ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
  • ပဲခူးတိုင်း ၊ ရွှေတောင်မြို့နယ်မှာ “PDF ကို မကြောက်လို့ တစ်ယောက်တည်းသွားလာနေတာကွ” ဆိုပြီး ကြွေးကြော်ထားတဲ့ အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ ထွေအုပ်/စာရေး အေးမင်းနိုင်ဆိုသူ စစ်မှု ထမ်း တပ်သားသစ် စာရင်း လာကောက်တဲ့အချိန် PDF တပ်ဖွဲ့တွေကပဲ ပစ်ခတ်ရှင်းလင်းရာမှာ ပွဲချင်း ပြီးကို သေသွားပြီလို့ ၃၆၀၁ PPDF တပ်ရင်း တာဝန်ခံ က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • မြန်မာနိုင်ငံထက် ဖွံဖြိုးမှု နောက်ကျခဲ့တဲ့ ကုန်းတွင်းပိတ် လာအိုနိုင်ငံကို မြန်မာအလုပ်သမားတွေ စေလွှတ်ဖို့ စစ်ကောင်စီနဲ့ လာအိုနိုင်ငံကြား သဘောတူ ခဲ့ပြီးတဲ့နောက် MOU စနစ်နဲ့ မြန်မာအလုပ် သမားတွေ စတင် လွှတ်တော့မှာဖြစ်ပြီး ဝန်ဆောင်ခ အဖြစ် တစ်ဦးကို ငွေကျပ် ၁၀ သိန်း အနေနဲ့ အေဂျင်စီတွေက သတ်မှတ်ရယူတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article