32 C
Yangon

ရွှေဘိုတွင် စစ်တပ်နှင့်ရဲများက ပြည်သူ ၃၀ ဦးထက်မနည်းကို ဖမ်းဆီးပြီး အမှတ် ၈ စစ်အခြေခံလေ့ကျင့်ရေးတပ် (စခတ-၈)တွင် ထိန်းသိမ်းငွေညှစ်နေ

Must read

ရန်ကုန်၊အောက်တိုဘာ ၃၀

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် အကြမ်းဖက်စစ်တပ်နှင့်ရဲများက ပြည်သူ ၃၀ ဦးထက်မနည်းကို ဖမ်းဆီးပြီး အမှတ် ၈ စစ်အခြေခံလေ့ကျင့်ရေးတပ် (စခတ-၈) တွင် ထိန်းသိမ်း ငွေညှစ်နေကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။

အောက်တိုဘာလ ၂၇ ရက်နေ့နှင့် ၂၈ ရက်နေ့တို့တွင်ရွှေဘိုမြို့နယ်အတွင်း ခရီးသွားပြည်သူများ၊ နယ်မှစျေးဝယ်လာသူများ၊ အလုပ်သမားတချို့ကို စစ်တပ်က အကြောင်းပြချက် တစ်စုံတစ်ရာမရှိဘဲ ဖမ်းဆီးခဲ့ကြောင်း၊ ယင်းနောက် ဖမ်းဆီးခံရသူများကို ခြိမ်းခြောက်ငွေညစ်ကာ ငွေပေးနိုင်သူများကိုပြန်လွှတ်ပေး၍ ငွေမပေးနိုင်သူများကို လေ့ကျင့်ရေး ၈ တပ်တွင်းသို့ခေါ်ဆောင်သွားကြောင်း၊ အကြမ်းဖက်စစ်တပ်က ဖမ်းဆီးခံရသူ ပြည်သူ ၃၀ထက်မနည်း ရှိကြောင်း၊ ခင်ဦးမြို့နယ်၊ ထနောင်းကိုင်းကြီးကျေးရွာမှ ယာဥ်မောင်း ကိုလွှမ်းစိုးနှင့် ယာဥ်ပိုင်ရှင် မခင်အေးဝင်းတို့ကိုလည်း စစ်တပ်က PDF ကို အစားအစာကုန်ပစ္စည်းများ သယ်ပေးသည်ဟုဆိုကာ တိုယိုတာ ဒိုင်နာကားနှင့်အတူ ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရှိရသည်။

“လူတွေကိုလည်းဖမ်းထားတယ်။ ကားလည်း ယူသွားတယ်၊ ဖမ်းတာက ပတ်ကင်း၊ လှည့်ကင်းဆိုတော့ နေရာဆုံ၊ ထောင့်ဆုံနေရာတွေမှာ ဖမ်းတာ။ငွေပေးနိုင်သူတွေက ချက်ချင်း ပြန်လွှတ်ပေးတယ်၊ မပေးနိုင်သူတွေကို လေ့ကျင့်ရေး ၈ တပ်ထဲခေါ်သွားတာ။ တပ်ထဲမှာ ဖမ်းထားပြီး ငွေဆက်ညှစ်နေတာ။ အကြောင်းပြချက်ကတော့ သူတို့ပါးစပ်က ထွက်ချင်ရာ ထွက်၊ စွဲချင်တဲ့ ပုဒ်မ လျှောက်ပြောတာပဲ။ PDF ထောက်ပံ့၊ PDF အားပေး အဲဒါမျိုးတွေ ငွေမပေးနိုင်ရင်တော့ လုပ်တာ “ဟု ဒေသနေပြည်သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။

စစ်တပ်၏ ဖမ်းဆီးမှုခံလိုက်ရသူများတွင် ရွှေဘို – ရေဦးလမ်းမပေါ် လက်ဖက်ရည်ဆိုင်မှ အမျိုးသား ၄ ဦး၊ ဆင်အင်းရွာမှ အမျိုးသား ၃ ဦး၊ တင့်တယ်ရွာမှ ပြည်သူ ၄ ဦး ၊ စောင်တန်းရွာမှ ပြည်သူ ၂ ဦး၊ ချီပါရွာမှ ပြည်သူ ၁ ဦး၊ ဆိပ်ခွန်ရွာမှ ပြည်သူ ၁ ဦး၊ ဝက်လက်မြို့နယ်မှ အမျိုးသား ၁ ဦးနှင့်အခြားအမည်မသိရွာများမှ ခရီးသွားပြည်သူအများအပြား ဖမ်းဆီးခံရကြောင်း သိရသည်။

ထိုအပြင်ရွှေဘိုမြို့ရှိ CDM များကိုလည်း အလုပ် ပြန်ဝင်လုပ်ကြရန် ရွှေဘိုမြို့နယ်အုပ်ချုပ်ရေးမှူးက ဖိအားပေးစည်းရုံးနေကြောင်း၊ အကြမ်းစစ်တပ်ကလည်း ၎င်းတို့အထိုင်ချရွာတွင်နေထိုင်သော CDM များကိုလည်း ဖိအားပေးကာ အလုပ်ပြန်ဝင်ခိုင်းမှုများရှိကြောင်း သိရသည်။

ဓာတ်ပုံ – စစ်ကိုင်းမှ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ရဲနှင့်စစ်သားများ။ (ပုံအဟောင်း ဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

စစ်ကိုင်းမှ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ရဲနှင့်စစ်သားများ။ (ပုံအဟောင်း ဖြစ်ပါသည်။)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article