ရန်ကုန်၊ အောက်တိုဘာ ၃၀
ချင်းပြည်နယ်၊ ဟားခါးမြို့အနီးရှိ အကြမ်းဖက်စစ်ကောင်စီ၏ Kiamtlang စစ်တပ်စခန်းကို တိုက် ခိုက်သိမ်းပိုက်မှု စစ်သား ၁၅ ဦးသေဆုံးပြီး ဗိုလ်မှူးအပါအဝင် ၄ ဦးအရှင်ဖမ်းမိကာ လက်နက် ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း CDF Hakha က သတင်းထုတ်ပြန်သည်။
အောက်တိုဘာလ ၂၈ ရက်နေ့က ဟားခါးမြို့အနီး ဟားခါး-ထန်တလန်လမ်းရှိ Kiamtlang စစ်တပ် စခန်းကိုတိုက်ခိုက် သိမ်းပိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၅ ဦးသေဆုံးခဲ့ပြီး ဗိုလ်မှူး အပါအဝင် ၄ ဦး အရှင်ဖမ်းမိခဲ့ကြောင်း သိရသည်။
ထို့အပြင် အကြမ်းဖက် စစ်သားများ အသုံးပြုသော MA1 အမျိုးအစား သေနတ် ၅ လက်၊ MA2 အမျိုး အစား သေနတ် ၁ လက်၊ MA3 အမျိုးအစား သေနတ် ၂ လက်၊ MA11 အမျိုးအစား သေနတ် ၁ လက်၊ ကျည်ဘောက် ၄၂ ခု၊ မိုင်း နှင့် ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို Chinland Defense Force – Hakha နှင့် Chin National Army တို့ပူးပေါင်း ကာ Operation Rung အမည်ဖြင့် စစ်ဆင်ရေးတိုက်ပွဲ ဖော်ဆောင် နေခြင်းဖြစ်ကြောင်း သိရသည်။
CDF-Hakha အနေဖြင့် အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည် ထောင် စုပေါ်ပေါက်ရေးအတွက် တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းပြီး ဆက်လက် တိုက်ပွဲဖော်ဆောင် သွားမည်ဖြစ်သည့်အတွက် ပြည်လူထုမှလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံထားသည်။
လက်ရှိ ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်တွင် ယခင်ကထက် စစ်ကောင်စီက လုံခြုံရေးများ တိုးမြှင့်ထားကြောင်း၊ ဟားခါးအနီးရှိ စစ်ကောင်စီတပ်စခန်းများတွင်လည်း လေကြောင်းဖြင့် စစ်အင်အားဖြည့်ခြင်း၊ လက်နက်ခဲယမ်းများ ပိုမို ဖြည့်တင်းခြင်းများ လုပ်ဆောင်နေကြောင်း၊ စစ်ကောင်စီက လက်လွတ်ဆုံးရှုံးမခံနိုင်သော နေရာများတွင် ချင်းပြည်နယ်စစ်ကောင်စီအဖွဲ့ အခြေစိုက်ထားသော ဟားခါးမြို့နှင့် မြို့နယ်လည်း အပါအဝင်ဖြစ်ကြောင်း နေပြည်တော် စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar