32 C
Yangon

ဖာပွန်၊ ခေါပုတ်စခန်းသိမ်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံးပြီး စစ်သား ၆ ဦးအရှင်ဖမ်းမိ၊ တောင်ငူ-လိပ်သိုလမ်းရှိ ကျောက်လုံးကြီး စစ်စခန်းကို စနိုက်ပါဖြင့် ပစ်ခတ်မှု စစ်သား ၆ ဦး သေဆုံး

Must read

ရန်ကုန်၊ အောက်တိုဘာ ၃၁

ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေ၊ ဖာပွန်မြို့နယ်အတွင်းရှိ အင်အား ၁၂၀ ထက်မနည်းရှိသော စစ်ကောင်စီ၏ ခေါပုတ်စခန်းကို KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံးပြီး စစ်သား ၆ ဦးကို အရှင်ဖမ်းဆီးရရှိကြောင်း KNU စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက ဖာပွန်မြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ တပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ တိုက်ပွဲများ တောက်လျှောက် ဆိုသလိုဖြစ်ပွားခဲ့ကြောင်း၊ အောက်တိုဘာလ ၂၉ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား ထွက်ပြေးကြကြောင်း၊ အဆိုပါစခန်းကို နယ်မြေရှင်းလင်းမှုများ ဆောင်ရွက်ခဲ့ရာတွင် လက်နက်ခဲယမ်း အများအပြားနှင့် စစ်သား အလောင်း ၁၀ လောင်း သိမ်းဆည်းရရှိကြောင်း ၊စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးကိုလည်း အရှင်ဖမ်းဆီးရရှိကြောင်း သိရှိရသည်။

“ကျနော်တို့ တော်လှန်ရေး တပ်တွေဘက်ကလည်း ဒဏ်ရာရသူတွေရှိပါတယ်။ ရန်သူ့အလောင်း ၁၀ လောင်းနဲ့ ၆ ဦး အရှင်ဖမ်းဆီးရရှီပါတယ်။”ဟု ကရင်စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

အလားတူ အောက်တိုဘာလ ၂၄ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန် နှင့် ညနေ ၄ နာရီ ၃၀ မိနစ်အချိန်တို့တွင် ပဲခူးတိုင်း တောင်ငူခရိုင် KNU တပ်မဟာ ၂ ၊တပ်ရင်း ၅ လက်အောက်ခံ People Defense Force Thandaung နှင့် မဟာမိတ်ပူးပေါင်းတပ်များက တောင်ငူ-လိပ်သို လမ်းပိုင်းရှိ ကျောက်လုံးကြီးစစ်ကောင်စီတပ်စခန်းကို စနိုက်ပါဖြင့် ပစ်ခတ်ရာ တပ်သား ၃ ဦးနှင့် တပ်ကြပ်ကြီး ၁ ဦး စုစုပေါင်း စစ်တပ်ဘက်မှ ၄ ဦးသေဆုံးကြောင်း၊ အလားတူ အောက်တိုဘာလ ၂၉ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန် စနိုက်ပါဖြင့် ထပ်မံ ပစ်ခတ်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့ကြောင်း People Defense Force Thandaungတပ်ဖွဲ့ က တရားဝင်သတင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ – ဖာပွန်၊ ခေါပုတ်စစ်တပ်စခန်းမှ သိမ်းပိုက်ရရှိသော လက်နက်ခဲယမ်းများ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ဖာပွန်၊ ခေါပုတ်စစ်တပ်စခန်းမှ သိမ်းပိုက်ရရှိသော လက်နက်ခဲယမ်းများ။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article