32 C
Yangon

ဖားကန့်နှင့်နောင်ချိုမြို့နယ်အတွင်းသို့ စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်

Must read

ရန်ကုန်၊ အောက်တိုဘာ ၃၁

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်အတွင်းသို့ စစ်ကောင်စီတပ်က လေယာဉ်များဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ဒေသစစ်ရေး သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၃၁ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ KIA တပ်မဟာ ၉ ဌာနချုပ်ပိုင်နက် နယ်မြေအတွင်း သို့ ဂျက်ဖိုက်တာလေယာဉ်ဖြင့် ဗုံးများ ကျဲသွားခြင်းဖြစ်ကြောင်း၊ လတ်တလော အထိအခိုက်အပျက်အစီး အခြေအနေ မသိရှိရသေးကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်က ဆိုသည်။

“KIA တပ်မဟာ ၉ က ဖားကန့်မြို့ မြောက်ဘက်မှာရှိနေတာ။ ဒီမနက် ၉ နာရီခွဲမှာ ဂျက်ဖိုက်တာလေယာဉ်နဲ့ ဗုံး ၄ လုံးကျဲချသွားတယ်။ ဖားကန့်မြို့ပေါ်မှာလည်း လေယာဉ်တွေ အကြာကြီးဝဲသွားတယ်။ ဖားကန့်မှာတော့ လောလောဆယ် တိုက်ပွဲက ငြိမ်နေတယ်” ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ရှင်းပြသည်။

အလားတူ ယမန်နေ့ အောက်တိုဘာလ ၃၀ ရက်နေ့ ည ၁၀ နာရိ ၁၈ မိနစ်အချိန် နောင်ချိုမြို့နယ်အတွင်းသို့ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း၊ အောက်တိုဘာလ ၃၉ ရက်နေ့နှင့် အောက်တိုဘာလ ၃၀ ရက်နေ့ နောင်ချိုမြို့နယ်အတွင်းရှိ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ စစ်သုံ့ပန်းအချုပ်ဆောင်ကို စစ်ကောင်စီက လေယာဉ်ဖြင့် ဆက်တိုက် ဗုံးကျဲခဲ့သဖြင့် စစ်သုံ့ပန်းများအ ပါအဝင် လူ ၁၆ ဦးသေဆုံးခဲ့ကြောင်း သက်ဆိုင်ရာ တော်လှန်ရေးတပ်ဖွဲ့များ၏ ပြောဆိုချက်များအရ သိရှိရသည်။

ဓာတ်ပုံ – စစ်ကောင်စီတပ်၏ တိုက်လေယာဉ်တစ်စင်း။ (ပုံအဟောင်းဖြစ်ပါသည်။)

Photo-Andy Davey ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

စစ်ကောင်စီတပ်၏ တိုက်လေယာဉ်တစ်စင်း။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article