ရန်ကုန်၊ နိုဝင်ဘာ ၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့တွင် တန်ဆောင်တိုင် မီးရှောတိုင်ပွဲ ဖြစ်မြောက်ရေးအတွက်ဟု ဆိုကာ စစ်ကောင်စီက အောင်ပန်း ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်ရှိ လမ်းဘေးကွမ်းယာဆိုင်ပါ မချန် စီးပွားရေးလုပ်ငန်းများအားလုံးကို ငွေကျပ်သိန်းချီ အတင်းအကျပ်ခြိမ်းခြောက်ငွေညှစ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
အောက်တိုဘာလ ၃၀ ရက်နေ့ ကလောမြို့နယ်ထွေအုပ်ရုံးသို့ စီးပွားရေးသမားများ၊ ဆိုင်ပိုင်ရှင်များကို ဆင့်ခေါ် အစည်းအဝေးလုပ်ပြီး အောက် တိုဘာလ ၃၁ ရက်နေ့တွင်မှစတင်၍ ငွေများ အတင်း အကျပ် ကောက်ခံနေခြင်းဖြစ်ကြောင်း၊ A အဆင့် လုပ်ငန်းရှင်ဆိုလျှင် ငွေကျပ် ၁၀ သိန်း၊ B အဆင့်လုပ်ငန်းရှင်ဆိုလျှင် ကျပ် ၅ သိန်း၊ C အဆင့်လုပ်ငန်းရှင်ဆိုလျှင် ကျပ် ၃ သိန်း နှင့် လမ်းဘေး ကွမ်း ယာဆိုင် ဆိုလျှင် ငွေကျပ် ၁ သိန်းနှုန်း မပေးမနေရ အတင်းအကျပ်ငွေကောက်ခံနေခြင်း ဖြစ် ကြောင်း သိရှိရသည်။
“အောင်ပန်း ပြည်ထောင်စု မိန်းလမ်းမကြီး တစ်လျှောက်မှာရှိတဲ့ ဆိုင်နဲ့ လုပ်ငန်းပေါင်း ၁ထောင်ကျော်လောက်ရှိတာ။မီးရှောပွဲ ကုန်ကျစရိတ် ထက် အဆ ၁၀၀ လောက် ပို ကောက်နေတာ။ အောက် တိုဘာလ ၃၀ ရက်နေ့ ကလောထွေအုပ်ရုံး မှာ အစည်းအဝေးခေါ်ပြီး ငွေတွေစ ကောက်နေတာ”ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
စစ်ကောင်စီက တန်ဆောင်တိုင် ကလော မီးရှောပွဲကို နိုဝင်ဘာလ ၁၆ ရက်နေ့မှ ၁၈ ရက်နေ့အထိ ကျင်းပမည်ဟု ကြေညာထားပြီး ယခုနှစ် တန်ဆောင်တိုင် မီးရှောပွဲကို မဖြစ်မနေ စည်ကားအောင် ကျင်းပမည်ဟု လုပ်ငန်းရှင်များကို အသိပေးထားကြောင်း သိရှိရသည်။
ဓာတ်ပုံ – NLD အစိုးရလက်ထက် ၂၀၁၈ ခုနှစ် ကလော တန်ဆောင်တိုင် မီးရှောတိုင်ပွဲ။ (ပုံအဟောင်းဖြစ်ပါသည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar