26 C
Yangon

ခလရ ၂၅၉ တပ်မှ တပ်သားပြည့်ဖြိုးအောင်နှင့် ခလရ ၂၅၅ တပ်မှ တပ်သားကောင်းမင်းခန့်တို့ လက်နက်ခဲယမ်းများနှင့်တကွ အလင်းဝင်လာမှု ငွေကျပ် သိန်း ၄၀ စီချီးမြှင့်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် ခလရ ၂၅၉ တပ်မှ တပ်သားပြည့်ဖြိုးအောင်နှင့် ခလရ ၂၅၅ တပ်မှ တပ်သားကောင်းမင်းခန့်တို့ လက်နက်ခဲယမ်းများနှင့်တကွ အလင်းဝင်လာသဖြင့် ငွေကျပ် သိန်း ၄၀ စီဆုချီးမြှင့်လိုက်ကြောင်း Southern YSO PDFမှ တာဝန်ခံ ကိုအောင်မောင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ပခုက္ကူစက်မှုဇုန်စစ်ဆေးရေးဂိတ်တွင် တာဝန်ထမ်းဆောင်နေသော ပခုက္ကူမြို့ ခလရ ၂၅၉ တပ်မှ တပ်သား ပြည့်ဖြိုးအောင် နှင့် ပခုက္ကူမြို့နယ် မြောက်လူးကန် အထိုင်စခန်းတွင် တာဝန်ထမ်းဆောင်နေသော စလင်းမြို့ ခလရ ၂၅၅ တပ်မှ တပ်သား ကောင်းမင်းခန့် တို့သည် အောက်တိုဘာလ ၁၇ ရက်နေ့ ရေစကြိုတောင်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Southern YSO PDF အဖွဲ့ထံသို့ MA1 သေနတ် ၂ လက်၊ကျည်ဘောက် ၆ ဘောက်၊ ကျည်ဆံ ၁၂၀ တို့နှင့်အတူ လက်နက်အပ်အလင်းဝင်ရောက်လာခဲ့ကြောင်း သိရှိရသည်။

ထို့ကြောင့် Southern YSO PDFက လက်နက်အပ်ဝင်ရောက်လာသော ရဲဘော် ၂ ဦးကို တစ်ဦးလျှင် ငွေ ကျပ် သိန်း ၄၀ စီဖြင့် စုစုပေါင်း ငွေကျပ် သိန်း ၈၀ ဆုချီးမြှင့်ပေးခဲ့ကြောင်း၊ ယခုအချိန်အထိ Southern YSO PDF အဖွဲ့ ထံသို့အလင်းဝင်ရောက်လာသော စစ်ကောင်စီတပ်သား အမြောက် အမြားရှိနေပြီဖြစ်ပြီး အချို့မှာ ၎င်းတို့ နေထိုင်လိုသော ဒေသသို့ ပို့ဆောင်ပေးထားကြောင်း၊ တချို့စစ်သည်များမှာ အာဏာရှင်တော်လှန်ရေး လုပ်ငန်းစဉ်မှာ ပူးပေါင်းပါဝင် ဆောင်ရွက်နေကြကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်ကောင်စီ အာဏာရှင် လက်အောက်မှာ တာဝန်ထမ်းဆောင်နေကြသော စစ်သည်များအနေဖြင့် အာဏာရှင်မျိုးဆက်၊အာဏာရှင်ခိုင်းဖတ် အဖြစ်မခံကြဘဲ ပြည်သူရင်ခွင်ခိုလှုံကြရန်၊ နွေးထွေးစွာ ကြိုဆိုသွားမည်ဖြစ်​ကြောင်း၊ Southern YSO PDF အဖွဲ့ တာဝန်ခံက ရှင်းလင်း ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article