33 C
Yangon

မုံရွာ-မန္တလေး လမ်းပိုင်းတွင် ဆက်ကြေးကောက်နေသည့် စစ်ကောင်စီ တပ်သားများနှင့် ရေတာရှည်ရှိ စစ်တပ် အထိုင်စခန်းတို့ကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂ ဦးသေဆုံး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေး လမ်းပိုင်းတွင် ဆက်ကြေးကောက်နေသည့် အကြမ်းက် စစ်ကောင်စီ တပ်သားများကို ဖောက်ခွဲ တိုက်ခိုက်ရာ ၂ ဦးသေဆုံးခဲ့ကြောင်း BRAVE HEART ARMY (BHA) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၃၁ ရက်နေ့တွင် တောပုကျေးရွာမှ ပျူစောထီးများသည် မုံရွာ-မန္တလေး လမ်းပိုင်းတွင် ဆက်ကြေးကောက် ရမ်းကားနေစဉ် တော်လှန်ရေး တပ်ဖွဲ့များက ရှေ့ထွက်မိုင်း ၅ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှု အတွင်း စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးပြီး အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ဦးထက်မနည်းရှိပြီး အလောင်း ၂ လောင်းနှင့် ဒဏ်ရာရရှိသူများကို မုံရွာ နမခ သို့ ပြည်သူပိုင် ကား ၂ စီးကို ချောဆွဲ၍ ပို့ဆောင်လိုက်ကြောင်း သိရှိရသည်။

“အဲတိုက်ခိုက်မှုက စစ်ခွေး ၂ ကောင်သေတယ်။ ကျန်တဲ့ ဒဏ်ရာရတဲ့ ကောင်တွေကလည်း အရေးပေါ်မှာ ကုသနေရတယ်” ဟု BRAVE HEART ARMY (BHA) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို BRAVE HEART ARMY (BHA) အဖွဲ့မှ ဦးဆောင်ပြီး CHINDWIN FIGHTER GROUP.CFG နှင့်အတူ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်ကောင်စီတပ်သားများက လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ရွာသစ်ရွာ၌ အထိုင်ချထားသော အကြမ်းဖက် စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အရာရှိ တစ်ဦးအပါအဝင် ၆ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း စစ်တောင်းမြစ်ဝှမ်း -ရေတာရှည် ပူးပေါင်း စစ်ဆင်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ နိုဝင်ဘာလ ၁ ရက် နံနက်အစောပိုင်း ၂ နာရီခန့်တွင် ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်ဝှမ်း အရှေ့ခြမ်း ၊ ရွာသစ်ရွာ၌ အထိုင်ချနေသော အကြမ်းဖက် စစ်ကောင်စီတပ်သားများကို တော်လှန်ရေး ပေါင်းတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံသီး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ အရာရှိ တစ်ဦး အပါအဝင် စစ်သား ၆ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိုသို့ ထိခိုက်ဒဏ်ရာရရှိသော အကြမ်းဖက်စစ်သားများကို နံနက် ၄ နာ ရီ ခန့်တွင် စက်လှေဖြင့် သယ်ဆောင်သွားကြောင်း သိရသည်။

“စခန်းမဟုတ်ဘူးဗျ။ သူတို့အထိုင်ချတဲ့နေရာပါ၊ အင်အားက ၁၀၀ လောက်ရှိပါ၊ ပထမနေ့က တိုက်ပွဲ ဖြစ်ထားတော့ အင်အားတွေတိုးထားပါတယ်။ ဗုံးသီး ၂ လုံးချခဲ့တာပါ။ သေ၊ မသေတော့ အတိအကျ မသိရဘူး။” ဟု စစ်တောင်းမြစ်ဝှမ်း – ရေတာရှည် ပူးပေါင်းစစ်ဆင်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

စစ်တောင်းမြစ်ဝှမ်းအရှေ့ဘက်ခြမ်းကို အကြမ်းဖက်စစ်ကောင်စီတပ်က အင်အားတိုးမြှင့်မှု လုပ် ဆောင်လျက်ရှိပြီး အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်သောကြောင့် မိဘပြည်သူများအနေဖြင့် စစ်ရေး အသိ၊ သတိဖြင့်သွားလာနေထိုင်ကြရန် စစ်တောင်း မြစ်ဝှမ်း – ရေတာရှည်ပူးပေါင်းစစ်ဆင်ရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article