Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၂ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ နိုဝင်ဘာ ၂ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-ပြည်ပရောက်မြန်မာတွေအနေနဲ့ စစ်တပ်လက်အောက်ခံဘဏ်တွေကနေ ပြည်တွင်းကို လုပ်ခလစာ နိုင်ငံခြားငွေတွေ ပြန်လွှဲရင် လျှပ်စစ်ကားနဲ့ ဆိုင်ကယ်တွေ တင်သွင်းခွင့်ပေးမယ်လို့ စစ်ကောင်စီက မက်လုံးပေးလာပါတယ်။
တနင်္သာရီတိုင်း၊ ထားဝယ်မြို့က တိုင်းအစိုးရအဖွဲ့ရုံး၊ ရင်းနှီးမြုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနနဲ့ ခမရ ၄၀၅ တပ်ရင်းတို့ကို ဒရုန်းနဲ့ဗုံးကျဲတိုက်ခိုက်ရာ အရာခံဗိုလ် ၁ ဦးနဲ့ တပ်ကြပ် ၁ ဦးတို့ သေဆုံးခဲ့တယ်လို့ Sky Ghost Drone Force အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနကို ပြောပါတယ်။
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်မှာ လက်နက်ကိုင် လဝက ဒုဦးစီးမှူး အေးမင်းစိုးကို ပစ်ခတ်တိုက်ခိုက်ရာ သေဆုံးခဲ့ပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။